Tuesday, November 22, 2022

ဂျပန်တွင် ပြည်တွင်းထုတ်ကိုဗစ်ဆေးအား ပထမဆုံးအနေဖြင့်စတင်အသုံးပြု

ဂျပန်ကျန်းမာရေးဝန်ကြီးဌာနသည် ရှီယိုနိုဂီမှထုတ်လုပ်သော ကိုဗစ်ဆေးကိုအရေးပေါ်အသုံးပြုရန် နိုဝင်ဘာ ၂၂ ရက်နေ့ကခွင့်ပြုခဲ့ပြီး ၎င်းသည်နိုင်ငံ၏ပထမဆုံးသောပြည်တွင်းထုတ်ကိုဗစ်ဆေးဖြစ်လာခဲ့သည်။ခွင့်ပြုချက်ရရှိပြီးနောက် ယခုဆေးအား ဒီဇင်ဘာလအစောပိုင်းတွင် စတင်အသုံးပြုနိုင်ရန်မျှော်လင့်ထားကြသည်။
ယခုထုတ်လုပ်လိုက်သော Xocova အမည်ရှိဆေးသည် ရောဂါလက္ခဏာများ ပြန်ကောင်းမွန်လာစေရန် အရှိန်မြှင့်ပေးနိုင်သည့်ဆေးမျိုးဖြစ်ကြောင်း ဝန်ကြီးဌာနကပြောကြားခဲ့သည်။
ရှီယိုနိုဂီ၏နောက်ဆုံးအဆင့် စမ်းသပ်ချက်ရလဒ်အရ ယခုဆေးအား တစ်နေ့တစ်ကြိမ်နှုန်းဖြင့် ငါးရက်ဆက်တိုက်သောက်ပါက နှာရည်ယိုခြင်းနှင့် အပူချိန်မြင့်မားခြင်းတို့ကဲ့သို့သော လက္ခဏာများမှပြန်လည်ကောင်းမွန်လာကြသည်ဟု ဖော်ပြထားပြီး ဗိုင်းရပ်စ်ပိုးများလည်းကျဆင်းသွားသည်ဟုဖော်ပြထားသည်။
ထို့ကြောင့်ပင် ဂျပန်နိုင်ငံ၏ ကျန်းမာရေး၊လုပ်သားနှင့်လူမှုဖူလုံရေးဝန်ကြီးဌာနသည် လူ ၁ သန်းအတွက် ဆေးဝါးများထောက်ပံ့ရန် ရှီယိုနိုဂီနှင့်စာချုပ်ချုပ်ဆိုခဲ့သည်ဟုလည်းဆိုသည်။သို့သော်ယခုဆေးအား အသက် ၁၂ နှစ်အောက်ကလေးငယ်များ၊ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် မီးဖွားခါနီးအမျိုးသမီးများ အသုံးပြုနိုင်မည်မဟုတ်ကြောင်း ဖော်ပြထားသည်။
မေလကစတင်ဖွဲ့စည်းခဲ့သည့် စနစ်အရ Xocova သည် အရေးပေါ်အသုံးပြုရန်ခွင့်ပြုချက်ရရှိသည့် ပထမဆုံးသောဆေးဖြစ်လာခဲ့သည်။သို့သော် မည်သည့်ကုမ္ပဏီထုတ်ပင်ဖြစ်ပါစေ အရေးပေါ်အသုံးပြုခွင့်ရရှိသည့် ဆေးဝါးများ၏ကုမ္ပဏီတိုင်းသည် နောက်ပိုင်းတွင်ပုံမှန်အသုံးပြုခွင့် ခွင့်ပြုချက်ရရှိရန် လျှောက်ထားရမည်ဖြစ်သည်။

Source : Nikkei Asia
Popular

0 comments:

Post a Comment