Tuesday, November 1, 2022

နှစ်နိုင်ငံ နယ်စပ်ဒေသတွင် အခြေပြုလှုပ်ရှားနေသည့် အကြမ်းဖက်သမားများ၊ သောင်းကျန်းသူများကို တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရန် မြန်မာ-ဘင်္ဂလားဒေ့ရှ် ဆွေးနွေး

နှစ်နိုင်ငံနယ်စပ်ဒေသတွင် အခြေပြုလှုပ်ရှားနေသည့် အကြမ်းဖက်သမားများ၊ သောင်းကျန်းသူများအား တိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်ရန် မြန်မာ-ဘင်္ဂလားဒေ့ရှ်  ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များအကြား တပ်ရင်းမှူးအဆင့် အလံတင်အစည်းအဝေးကို အောက်တိုဘာ ၃၀ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာ့ခ်မြို့ Shahparirdwip လှေဆိပ်၌ ကျင်းပခဲ့ရာတွင် အထက်ပါအကြောင်းအရာကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှူး ယာယီဒုတိယရဲမှူးကြီး ရဲဝေစိုးဦးဆောင်သော ကိုယ်စားလှယ်ခြောက်ဦးအဖွဲ့နှင့် အမှတ်(၂) ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (တက္ကနာ့ဖ်)မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး Sheikh Khalid Mohammad Iftekhar ဦးဆောင်သော ကိုယ်စားလှယ်ရှစ်ဦးအဖွဲ့တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးတွင် မြန်မာဘက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အခြေပြုလှုပ်ရှားနေသော သောင်းကျန်းသူစခန်းများ၏ တည်နေရာများအား မြေပုံနှင့်တကွ အသိပေးဆွေးနွေးခြင်း၊ နယ်စပ်ဒေသလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ပိုမိုပူးပေါင်းဆောင်ရွက်ရန်၊ နယ်စပ်ဒေသတွင် အခြေပြုလှုပ်ရှားသည့် အကြမ်းဖက်သမားများ၊ သောင်းကျန်းသူများတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရန်၊ ခိုးဝင/ထွက်မှုများအား ထိရောက်စွာ တားဆီးနိုင်ရေးအလေးထားဆောင်ရွက်ပေးရန်နှင့် ၂၀၂၂ အတွင်း နှစ်နိုင်ငံနယ်စပ်ဒေသ၌ မူးယစ်ဆေးဝါးများကို မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိမှုများအား ဆွေးနွေးခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ကလည်း နယ်စပ်ဒေသလုံခြုံရေးအခြေအနေများ၊ တရားမဝင် ဝင်ရောက်မှုများကို ထိရောက်စွာတားဆီးနှိမ်နင်းရေး၊ မူးယစ်ဆေးဝါးမှုခင်းနှင့် လူကုန်ကူးမှုအပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးအတွက် နှစ်ဖက်နယ်ခြားစောင့်တပ်ဖွဲ့များအကြား ရှိရင်းစွဲရင်းနှီးခင်မင်စွာ ဆက်သွယ်ဆက်ဆံရေးကို အခြေခံ၍ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုနှင့် ဖြေရှင်းဆောင်ရွက်ကြမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


Eleven

0 comments:

Post a Comment