Monday, November 7, 2022

မြန်မာနိုင်ငံတွင် နိုဝင်ဘာ ၅ ရက်အထိ COVID-19 ကာကွယ်ဆေးထိုးနှံပြီးသူ အသက် ၁၈ နှစ်အထက် ၃၀ ဒသမ ၇၂ သန်းကျော်နှင့် ၁၈ နှစ်အောက် ၆ ဒသမ ၇၀ သန်းကျော်ရှိ

မြန်မာနိုင်ငံတွင် နိုဝင်ဘာ ၅ ရက်အထိ COVID-19ကာကွယ်ဆေးထိုးနှံပြီးသူ အသက် ၁၈ နှစ်အထက် ၃၀ ဒသမ ၇၂ သန်း ကျော်နှင့် ၁၈ နှစ်အောက် ၆ ဒသမ ၇၀ သန်း ကျော်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် ကာကွယ်ဆေးများကို ဦးတည်ဦးစားပေးအလိုက် ထိုးနှံပေးလျက်ရှိ ရာ နိုဝင်ဘာ ၅ ရက်အထိ အသက် ၁၈ နှစ်နှင့် အထက် ကာကွယ်ဆေးထိုးနှံပြီးစီးသည့် လူဦး ရေ ၃၀၇၂၄၀၃၂ (၃၀ ဒသမ ၇၂ သန်း)၊ ၁၈ နှစ်နှင့်အောက် ကာကွယ်ဆေးထိုးနှံပြီးစီး သည့် လူဦးရေ ၆၆၇၀၂၄၈၃ ( ၆ ဒသမ ၇၀ သန်း) ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းအားဖြင့် ရောဂါကူးစက် ဖြစ်ပွားမှု၊ ရောဂါပြင်းထန်မှုနှင့် သေဆုံးမှုတို့ကို လျှော့ချ ပေးနိုင်သည်ဖြစ်ရာ အသက်ငါးနှစ်နှင့်အထက် ပြည်သူများအနေဖြင့် COVID-19 ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံထားရှိ ရန် လိုအပ်သည့်အပြင် ၁၈ နှစ်နှင့်အထက် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပြီးစီးမှုကာ လ ခြောက်လရှိနေသော ပြည်သူများမှာ လည်း  ကာကွယ်ဆေး ထပ်မံထိုးနှံရန်လိုအပ် ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက တိုက် တွန်းထားသည်။


Eleven

0 comments:

Post a Comment