Tuesday, November 22, 2022

ပြင်ဦးလွင်မြို့ ပန်းပွဲတော်ကို လာမည့် ဒီဇင်ဘာ ၁၅ ရက်နေ့ကစပြီးတော့ ၁လကြာ ကျင်းပမည်

ပြင်ဦးလွင်မြို့ ပန်းပွဲတော်ကို လာမည့် ဒီဇင်ဘာ ၁၅ ရက်နေ့ကစပြီးတော့ ၁လကြာ ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း သိရပါတယ်။
ကိုဗစ်နဲ့ နိုင်ငံရေး အခြေအနေကြောင့် ၂ နှစ်ကျင်းပခြင်းမရှိခဲ့တဲ့ ပြင်ဦးလွင် ပန်းပွဲတော်ကို ယခု ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်ကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့အထိ ပြင်ဦးလွင် အမျိုးသားကန်တော်ကြီး ဥယျာဉ်တွင် ကျင်းပသွားမယ်လို့ သိရပါတယ်။
ယခုနှစ် ပန်းပွဲတော်တွင် နိုင်ငံတကာမှ နိုင်ငံခြားပန်းမျိုးစိတ်များ၊ မြန်မာပြည်နေရာ ဒေသအသီးသီးမှ ပန်းမျိုးစိတ်များ၊ ရှားပါးဖိုးတန် ပန်းမျိုးစိတ်များကို ခင်းကျင်းပြသ သွားမယ်လို့ဆိုပါတယ်။
ယင်းအပြင် ဈေးရောင်းပွဲတော်များ၊ ဒေသထွက်စားသောက်ကုန်များ နှင့် အဝတ်အထည် များကို ရောင်းချပေးသွားမှာဖြစ်သလိုဖျော်ဖြေရေးအနေဖြင့် စတိတ်ရှိုးပွဲကို ထည့်သွင်း စီစဉ်ပေးထားပါတယ်လို့ ဆိုပါတယ်။
လာရောက်လည်ပတ်သူများအတွက် ပျော်ရွှင်စိတ်ချမ်းမြေ့စွာ လည်ပတ်နိုင်ဖို့အတွက် လုံခြုံရေး အစီအမံများကိုလည်း အထူးအလေးပေး ဂရုစိုက် စီစဉ်ပေးထားပါ တယ်ဆိုပြီး တော့ ထုတ်ပြန်ထားပါတယ်။

MyanmaPlatform

0 comments:

Post a Comment