Monday, November 7, 2022

စစ်တွေ၌ မြို့လုံးကျွတ်ဆွမ်းတော်ကြီးလောင်းလှူပွဲကျင်းပ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ နိုဝင်ဘာလ(၇)ရက်နေ့ တန်ဆောင်မုန်းလပြည်နေ့ မနက်ပိုင်းက မြိုလုံးကျွတ် ဆွမ်းတော်ကြီး လောင်းလှူပွဲပြုလုပ်ခဲ့ကြတာပါ။
အဲဒီဆွမ်းလောင်းလှူပွဲကို စစ်တွေမြို့ အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီးရှေ့ ဝင်္ကာဘာကွင်းမှာကျင်းပပြုလုပ်ခဲ့ တာဖြစ်ပါတယ်။ ဆွမ်းလောင်းလှူပွဲမှာ ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းတွေ၊ မြို့ပေါ် ရပ်ကွက်ဒေသခံတွေ၊ လူငယ်အသင်းအဖွဲ့ တွေကလောင်းလှူခဲ့ကြတာပါ။
အဲဒီဆွမ်းလောင်းလှူပွဲကျင်းပဖို့အတွက် ဇနီးမောင်နှံအရုပ်ကြီးနဲ့ မြို့ပတ်လှည့်လည် အလှုငွေကောက်ခံခဲ့ ကြတာဖြစ်ပြီး ရရှိတဲ့အလှူငွေတွေနဲ့ ရိုးရာအစဉ်လာမပျက် ကျင်းပတာဖြစ်တယ်လို့ အတုလမာရဇိန်ပြည်လုံး ချမ်းသာဘုရားကြီး ဂေါပကအဖွဲ့ ဆီကသိရပါတယ်။
ဆွမ်းလာရောက်လောင်းလှူကြသူတွေကတော့ ဝင်္ကဘာကွင်းကိုပတ်ပြီး နေရာသတ်မှတ်ကာ သံဃာတော်တွေကိုဆွမ်းလောင်းလှူခဲ့ကြတာပါ။ အခုနှစ်ဆွမ်းတော်ကြီးလောင်းလှူပွဲမှာ စစ်တွေမြို့ပေါ်က ဘုန်းတော်ကြီးကျောင်း (၂၇၉)ကျောင်းရှိ သံဃာတော် တွေအနည်းအများအပေါ်မူတည်ပြီး ပင့်ဖိတ်လောင်းလှူခဲ့ကြတာဖြစ်ပါတယ်။ အခုနှစ်မြို့လုံးကျွတ် ဆွမ်းတော်ကြီးလောင်းလှူပွဲမှာ ဂုဏ်ထူးဆောင်နာယကဆရာတော် အပါး(၂၀) ကျော်နဲ့ ပင့်သံဃာတော်အပါး(၅)ရာကျော်လောက်ကို ဆွမ်းလောင်းလှူခဲ့ကြတာဖြစ်ပါတယ်။


0 comments:

Post a Comment