Tuesday, November 1, 2022

ဒေသစရိတ်ခံစားခွင့်ရှိသည့် ဒေသများနှင့်ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့မှ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအား ဆေးတက္ကသိုလ်ဝင်ခွင့်ခေါ်ယူ

နိုင်ငံတော်မှထုတ်ပြန်ထားသည့် ဒေသစရိတ်ခံစားခွင့်ရှိသည့် သွားလာရေးနှင့်လူမှုရေးခက်ခဲသောဒေသများနှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၆)ခုတို့မှ ၂၀၂၂-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သည့် ကျောင်းသား၊ကျောင်းသူများအား ကျန်းမာရေးဝန်ကြီးဌာန၊ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၏ ဆေးတက္ကသိုလ်များအတွက် ဝင်ခွင့်များခေါ်ယူလျက်ရှိသည်။
ထိုသို့ ခေါ်ယူရာတွင် ဒေသစရိတ်ခံစားခွင့်ရှိသည့်ဒေသများနှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်သည့် နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ဝ တို့မှ၂၀၂၂-ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲအောင် မြင်ပြီး အခြေခံပညာသင်တန်း(၈ တန်း၊ ၉ တန်း၊ ၁၀ တန်း)တို့အား ယင်း ဒေသများတွင် ဆက် တိုက်ပညာသင်ကြားခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ခေါ်ယူခြင်းဖြစ်သည်။
ထို့ကြောင့် သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံကာ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ၆ ဘာသာ စုစုပေါင်းရမှတ်(၄၂၀)နှင့်အထက်ရရှိသူများ လျှောက်ထားနိုင်ကြောင်း သိရသည်။
လျှောက်ထားလိုသူများအနေဖြင့် နိုဝင်ဘာ ၂၅ ရက် နောက်ဆုံးထား၍ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနသို့ တိုက်ရိုက်ပေးပို့လျှောက်ထားရမည်ဖြစ်သည်။
အသေးစိတ်အချက်အလက်များအား သိရှိလိုသူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန Facebook Page ၊ Website www.mohs.gov.mm နှင့်ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန Website www.hrh.gov. mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

Popular

0 comments:

Post a Comment