Monday, November 7, 2022

စားအုန်းဆီ လက်ကားရည်ညွှန်းဈေး အနည်းငယ်မြင့်တက်

စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီက နိုဝင်ဘာ ၈ ရက်ကနေနိုဝင်ဘာ ၁၃ ရက်အထိ ရန်ကုန်အထိုင် အခြေခံလက်ကားရည်ညွှန်းဈေးအဖြစ် စားအုန်းဆီ တစ်ပိဿာကို ကျပ် ၄၃၃၀ ကျပ် သတ်မှတ်ထားပါတယ်။
ပြီးခဲ့တဲ့အပတ် အောက်တိုဘာ ၃၁ ရက်ကနေ နိုဝင်ဘာ ၇ ရက်အထိ အခြေခံလက်ကားရည်ညွှန်း သတ်မှတ် ဈေးမှာ စားအုန်းဆီတစ်ပိဿာကို ၄၂၂၅ ကျပ်ရှိခဲ့တာကြောင့် အခုတစ်ပတ်နဲ့ယှဉ်ရင် ဈေးနှုန်း ၁၀၅ ကျပ်အထိ အနည်းငယ်မြင့်တက်လာတာပါ။
စားအုန်းဆီလက်ကားရည်ညွှန်းဈေးနှုန်းကို အဓိကတင်ပို့နေတဲ့ နိုင်ငံတွေရဲ့ဈေးနှုန်း၊ သယ်ယူပို့ဆောင်ခ ကုန်ကျ စရိတ်တွေ၊ ဘဏ်စရိတ်တွေ၊ အခွန်အခတွေကို ထည့်သွင်းတွက်ချက်ပြီး ထုတ်ပြန်တာဖြစ်တယ်လို့ဆိုပါတယ်။
ပြည်တွင်းဈေးကွက်ထဲမှာ စားအုန်းဆီကို ဈေးကစားဖို့ရည်ရွယ်ချက်နဲ့ သိုလှောင်တာ၊ ဈေးနှုန်းမြှင့်တင်ရောင်းချ တာတွေကိုလည်း အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြ ထားပါတယ်။

One News

0 comments:

Post a Comment