Monday, November 7, 2022

ရဲစခန်းရှေ့ဗုံးပစ်ခံရလို့ မြို့နယ်မှူးအပါအဝင် ၅ ဦးဒဏ်ရာရပြီး ၁ ဦးသေဆုံး

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက် တမ္ပဝတီရဲစခန်းရှေ့မှာရှိနေတဲ့ ရဲတပ်သားတွေကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရလို့ တဦးပွဲချင်းပြီးသေဆုံးကာ ဒဏ်ရာပြင်းထန်ကြတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၆ ရက် ညနေ ၄နာရီခွဲက ရဲစခန်းရှေ့မှာ စစ်ဆေးတောင်းရမ်းရန်ပြင်နေတဲ့ ရဲတပ်သားတွေကြားထဲကို လက်ပစ်‌‌ဗုံးပစ်သွင်းခဲ့တာဖြစ်တယ်လို့ Special Test Force-Mandalay အဖွဲ့က ဆိုပါတယ်။
“သူတို့က သုံးယောက်ခွဲနေတာ တယောက်ပဲ G3 တလက်ပါတယ်ဗျ။ သူတို့ကို target ထားလိုက်ပြီး လက်ပစ်ဗုံးနဲ့ ပစ်ခဲ့တာပါ။ အဲ့မှာဗုံးက သူတို့ကြားထဲကျပြီး တော်တော်ထိကုန်တာ။ G3 ကိုင်တဲ့ကောင်က ပြန်ပစ်တယ်။ သူလည်း ထိထားတာဆိုတော့ လူမတွေ့ပဲ ရမ်းပစ်တာ။” လို့ mission ဖော်ဆောင်ခဲ့တဲ့ ရဲဘော်က ပြောပါတယ်။
တိုက်ခိုက်မှုကြောင့် တဦးပွဲချင်းပြီးသေဆုံးကာ မြို့နယ်မှူးအပါအဝင် ၅ ဦးဒဏ်ရာပြင်းထန်ခဲ့ပြီး လူနာတင်ကား ၃စီးနဲ့ လာရောက်သယ်ဆောင်သွားကာ သေဆုံးသူက ဘယ်သူဆိုတာတော့ အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။
အဆိုပါအဖွဲ့ဟာ မန္တလေးမြို့ သွေးမအေးရေးမြို့ပေါ်သီးသန့်လှုပ်ရှားဖို့ ရည်ရွယ်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အလှူငွေအနည်းငယ်နဲ့ပဲ မစ်ရှင်တွေ ဖော်ဆောင်နေရလို့ အခက်ခဲတွေရှိနေတယ်လို့လည်း သိရပါတယ်။



ပုံစာ- တိုက်ခိုက်မှုအတွင်း ဖြတ်သန်းသွားတဲ့ကားတစီးဗုံးစထိမှန်သွားစဉ်(photo-Nay Myo Linn)

0 comments:

Post a Comment