Tuesday, November 1, 2022

မြန်မာနှင့် ငွေကြေးလွှဲပြောင်းမှု ရုရှလည်း စောင့်ကြည့်ကြပ်မတ်မည်

ကမ္ဘာ့ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်လုပ်ငန်းများအား ထောက်ပံ့သော ငွေကြေးစီးဆင်းမှုကို စောင့်ကြည့်သည့် ပါရီအခြေစိုက် Financial Action Task Force (FATF) အဖွဲ့၏ အကြံပြုချက်များကို မလိုက်နာသော တရားစီရင်ပိုင်ခွင့်များစာရင်းတွင် ပါဝင်သွားသည့် မြန်မာနိုင်ငံကို ရုရှနိုင်ငံ၏ ဖက်ဒရယ် ငွေကြေးစီးဆင်းမှု စောင့်ကြည့်ရေး အဖွဲ့ Federal Financial Monitoring Service (Rosfinmonitoring) ကလည်း စောင့်ကြည့်ကြပ်မတ်ရေး စာရင်းထည့်သွင်းရန် စီစဉ်နေကြောင်း မော်စကို အခြေစိုက် အင်တာဖက်စ် Interfax သတင်းဌာနက ဆိုသည်။
Rosfinmonitoring ၏ မူကြမ်းအမိန့်ကို တရားဝင်စည်းမျဉ်းဥပဒေမူကြမ်း၏ တရားဝင်အွန်လိုင်းဒေတာဘေ့စ်တွင် လွှင့်တင်ထားသည်။ ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် အတည်ပြုခဲ့သည့် လက်ရှိစာရင်းတွင် အီရန်နှင့် မြောက်ကိုရီးယားတို့ ပါဝင်သည်။
တရားဝင် မှတ်ပုံတင်ထားသော အဖွဲ့အစည်းများ သို့မဟုတ် တရားစီရင်ခံရမှု စွန့်စားရနိုင်ခြေများသော ဒေသ၌ တည်ရှိသော အဖွဲ့အစည်းများနှင့် ငွေပေးငွေယူများအပြင် ထိုကဲ့သို့သော နိုင်ငံတစ်ခု၏ ဘဏ်တခုမှ အကောင့်တခုကို အသုံးပြုသည့် အရောင်းအဝယ်များသည် မဖြစ်မနေ ထိန်းချုပ်မှုအောက်တွင် ရှိရမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုအား ငွေကြေးထောက်ပံ့မှုကို တိုက်ဖျက်ရာတွင် အားနည်းခြင်းကြောင့် ပါရီတွင် အောက်တိုဘာလနှောင်းပိုင်းတွင် ကျင်းပခဲ့သည့် FATF မျက်နှာစုံညီအစည်းအဝေးတွင် ၎င်း၏လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သင့်ကြောင်း ဆုံးဖြတ်ခဲ့ပြီး အဖွဲ့ဝင်များနှင့် အခြားတရားစီရင်ပိုင်ခွင့်ရှိသူများကို မြန်မာနိုင်ငံနှင့် ဆက်ဆံရာတွင် အထူးသတိထားကြရန် တောင်းဆိုခဲ့သည်။

(ဓာတ်ပုံမှာ စက်တင်ဘာ ၇ ရက် ဗလာဒီဗော့စတော့တွင် ပူတင်နှင့် မင်းအောင်လှိုင်တို့ တွေ့ဆုံစဉ်က ဖြစ်သည်။)
ဧရာဝတီ

0 comments:

Post a Comment