Saturday, June 6, 2015

အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး အမျိုးသားတွေ ပထမဆုံး သတိပြုမိတဲ့ အချက် (၅) ချက်


မျက်လုံးချင်းဆုံမိပြီး သူ သင့်ကို ဖျတ်ခနဲ တစ်ချက်ကြည့်ကာ စက္ကန့်အနည်းငယ်အတွင်း တွေဝေပြီး လှည့်ထွက်လိုက်တဲ့အချိန်မှာ ဒါ သူ့စိတ်ထဲ အချက်အလက်တွေမှတ်သား စုစည်းလိုက်ခြင်းပဲဖြစ်ပါတယ်။ဆံပင်အောက် ဝဲကျနေတာ

လှပတဲ့ဆံပင်ရှည်က အမျိုးသားတွေကို ဆွဲဆောင်မှုပေးတာ အမှန်ပဲ။ မျက်လုံးချင်း မျက်နှာချင်းဆိုင် စိုက်ကြည့်ရင်း လက်ချောင်းလေးတွေနဲ့ ဆံပင်တွေကြား ဟိုဟိုဒီဒီ လက်ကလေးနဲ့ ကစားဖို့ သူတို့စိတ်ကူးအိပ်မက်တွေ မက်ကြပါတယ်။

ရိုးသားတဲ့အပြုံး

သင့်အပြုံးနဲ့အတူ သင့်မျက်လုံး အစုံပါ လိုက်ပြုံးသလား။ သင့်အဖြေက ဟုတ်တယ်ဆိုရင် ပိုမိုပြုံးရယ်ဖို့ အကြောင်းတစ်ခု ရှိပါတယ်။ အကြောင်းက ရိုးသားတဲ့ အပြုံးဟာ ပျော်ရွှင်မှုနဲ့ သက်သောင့်သက်သာ စိတ်ချမ်းသာမှုရှိခြင်းကို ဖော်ညွန်းပြသနေတာမို့လို့ ရိုးသားတဲ့ အပြုံးပြုံးလိုက်ရင် ဒါကို အမျိုးသားတွေ ပါးနပ်စွာ အကဲဖြတ်နိုင်ကြပါတယ်။

အသံနေ အသံထား

အသံဆိုတာ ငယ်ရွယ်နုပျိုမှုနဲ့ မျိုးပွားစနစ် ကျန်းမာကောင်းမွန်မှုကို ပြတဲ့ လက္ခာတွေဖြစ်တာကြောင့် အသံကို အမျိုးသားတွေ စိတ်ဝင်စားကြပါတယ်။

ခါးအချိုးအစား

ခါးအချိုးအစားက တင်ပါးထက် ထင်သာမြင်သာ ပိုမိုသေးသွယ်နေပါက အမျိုးသားတွေ ပင်ကိုယ်အရ သတိထားမိတဲ့အရာထက် မျိုးပွားနိုင်မယ့် လက္ခဏာဖော်ပြနေတာဖြစ်လို့ အမျိုးသားတွေ အလိုအလျောက် သတိထားမိကြပါတယ်။

မျက်လုံး

တခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေထက် မျက်လုံးကို သူတို့တွေ အာရုံစိုက်ကြပါတယ်။
Ref: IndiaTimes.com

Trend Myanmar

0 comments:

Post a Comment