Tuesday, June 9, 2015

အမြန်လမ်းတွင် အိမ်စီးကားကို အန္တရာယ်ပြုသည့်အမျိုးသားနှစ်ဦး ချက်ချင်းဖမ်းမိ

ဖမ်းမိသည့် အန္တရာယ်ပြု လူနှစ်ဦး (ဓာတ်ပုံ-ရဲဇာနည်)

ရန်ကုန်-မန္တလေးအ မြန်လမ်းပေါ်တွင် ဇွန်လ ၆ ရက် ညက အိမ်စီးကားတစ်စီး၏ မှန်အား စကေဘာဖြင့် ပစ်ပေါက်ခဲ့သူနှစ်ဦးကို အခင်းဖြစ်နေရာအနီးတွင် ချက်ချင်းဖမ်းဆီးရမိခဲ့ကြောင်း သ တင်းရရှိသည်။

ဇွန်လ ၆ ရက်ည ၇ နာရီခန့် က ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် (၂၃/၅) ရန်ကုန် အ၀င်လှည်းကူးမြို့နယ်တွင် ပရို ဘောက်စ်အမျိုးအစား အိမ်စီး ကားတစ်စီး ဓားဖြင့်ပစ်ပေါက်ခံရ သည်ဟု အရေးပေါ်ဖုန်းနံပါတ်သို့ ဆက်သွယ်အကြောင်းကြားလာ သည်။ ထို့ကြောင့် ဘောနက်ကြီး လမ်းဆုံရဲတပ်ဖွဲ့စခန်းက လှည့် ကင်းဆောင်ရွက်ခဲ့ရာ မသင်္ကာ သည့်အမျိုးသားနှစ်ဦးကို ခေါ်ယူ စစ်ဆေးခဲ့ရာမှ ကျူးလွန်သူဖြစ် ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။အဆိုပါကျူးလွန်သူအမျိုး သားနှစ်ဦးမှာ အသက် (၅၀) အ ရွယ်နှင့် (၃၁) နှစ်အရွယ်တို့ဖြစ်ပြီး အခင်းဖြစ်ပွားရာအနီးတစ်ဝိုက် တွင် ကျပန်းလုပ်ကိုင်သူများဖြစ် ကြောင်း ဘောနက်ကြီးလမ်းဆုံ ရဲ တပ်ဖွဲ့စခန်းမှ တာဝန်ကျရဲအရာ ရှိတစ်ဦးကပြောသည်။

‘‘ကျွန်တော်တို့စခန်းအပိုင် နေရာမှာ လှည့်ကင်းလှည့်နေတာ။ ကားကိုဓားနဲ့ပစ်ပေါက်ပါတယ် လို့ အရေးပေါ်ဖုန်းကိုဖုန်းဆက် တိုင်ကြားတဲ့အတွက် ချက်ချင်း သွားကြည့်တဲ့အခါမှာ မသင်္ကာတဲ့ အမျိုးသားနှစ်ဦးကိုတွေ့လို့ ခေါ် စစ်ခဲ့ရာက ကျူးလွန်သူနှစ် ယောက်ကို ဖမ်းမိခဲ့တယ်’’ဟု ၎င်း ကပြောသည်။

အမြန်လမ်းမပေါ်တွင်အရိုး အသွား ကိုးလက်မခွဲရှိသည့် စ ကေဘာဓား(သုံးမြှောင့်ချွန်ဓား) ကိုင်ဆောင်၍ ကားကိုပစ်ပေါက် ခဲ့သူနှစ်ဦးကို ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၂၇၉(က)/၄၄၀၊ လက်နက် ဥပဒေပုဒ်မ ၁၉(င)အရ အမှုဖွင့် စစ်ဆေးပြီးသုံးပတ်အကြာတွင် တရားစွဲတင်မည်ဖြစ်ကြောင်း သိ ရသည်။

‘‘အရင်တုန်းကတော့ ယာဉ် လိုင်းကိုခဲနဲ့ပစ်တာမျိုး ကြုံဖူးတယ်။ လူအများကြီးပါတာတောင် အတင့်ရဲကြတာ။ လူနည်းတဲ့အိမ်စီးကားတွေဆို ပြောမနေနဲ့။ ကျွန်တော်တို့လည်း အိမ်က ကားနဲ့သွားရင် လမ်းမှာတွေ့တဲ့ အိမ်စီးကားတွေနဲ့ မလှမ်းမကမ်းကနေ အတူတူမောင်းကြရတာ’’ ဟု စစ်ကိုင်းနှင့် ရန်ကုန်သို့အသွားအလာပြုလုပ်နေသည့် ဦးဝေဖြိုးဇော်ကပြောသည်။

အဆိုပါရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၂၃/၅)တွင် ၂၀၁၃နှစ်ကုန်ပိုင်းက လမ်းပေါ်တွင် သွားလာနေသည့် ယာဉ်များကို လူအုပ်စုတစ်စုက ခဲ များဖြင့်ပစ်ပေါက်မှု ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။

7Day Daily

0 comments:

Post a Comment