Wednesday, May 1, 2019

ဗြိတိန် နိုင်ငံ လွှတ်တော် ၌ ရပ်ဝန်း နှင့် ပိုးလမ်းမ (Belt and Road ) တွင် ပါဝင်ရန် နှင့် ပတ်သက်၍ ဆွေးနွေးပွဲ ကျင်းပ

ဗြိတိန် နိုင်ငံ လွှတ်တော် ပါတီစုံ ရပ်ဝန်း နှင့် ပိုးလမ်းမ (Belt and Road ) နှင့် တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြံအဖွဲ့ က ဧပြီလ ၃၀ ရက် ၌ ဆွေးနွေးပွဲ တစ်ရပ် ကျင်းပ ပြုလုပ်ခဲ့ပြီး ဗြိတိန် နိုင်ငံ ၏ ဗြိတိန် ဥရောပ သမဂ္ဂ မှ နုတ်ထွက်ပြီးနောက် ရပ်ဝန်းနှင့် ပိုးလမ်းမ တည်ဆောက်ရေး လုပ်ငန်းတွင် ပိုမို တိုးချဲ့ နားလည်းပါဝင်သွားရေး နှင့် ပတ်သက်၍ ဆွေးနွေး ခဲ့ကြသည်။ 
ဆွေးနွေးပွဲ သို့ ဗြိတိန် နိုင်ငံ လွှတ်တော် ပါတီစုံ ရပ်ဝန်းနှင့် ပိုးလမ်းမ နှင့် တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြံအဖွဲ့ ဥက္ကဋ္ဌ မှ သဘာပတိ အဖြစ် ဆောင်ရွက် ခဲ့ပြီး ဗြိတိန် နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး ယာယီ တာဝန်ခံ ၊ ဗြိတိန် နိုင်ငံ အစိုးရ ရပ်ဝန်း နှင့် ပိုးလမ်းမ ဆိုင်ရာ အထူး သံအမတ်ကြီး နှင့် ဗြိတိန် နိုင်ငံ လွှတ်တော် အမတ်ပေါင်း ၁၀၀ ခန့် တက်ရောက် ခဲ့ကြသည်။ 

ဗြိတိန် နိုင်ငံ လွှတ်တော် ပါတီစုံ ရပ်ဝန်းနှင့် ပိုးလမ်းမ နှင့် တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြံအဖွဲ့ ဥက္ကဋ္ဌ Faisal Rashid က ဗြိတိန် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီး အနေဖြင့် ဒုတိယ အကြိမ်မြောက် ရပ်ဝန်း နှင့် ပိုးလမ်းမ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု နှီးနှောဖလှယ်ပွဲ ကို တက်ရောက် ခဲ့ကြောင်း ၊ ယခု ကျင်းပ ပြုလုပ်သည့် ဆွေးနွေးပွဲ က အချိန်အားဖြင့် လွန်စွာ သင့်လျှော်ပြီး ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (ခေတ်သစ်ပိုးလမ်းမကြီး ) တည်ဆောက်ရေး အတွက် ပလက်ဖောင်း တစ်ခု ဖြစ်စေခဲ့ကာ ဗြိတိန် နိုင်ငံ မှ ပူးပေါင်းပါဝင်ရန် အခန်းကဏ္ဍ များစွာ ရရှိစေခဲ့ကြောင်း ပြောကြား ခဲ့သည်။ 

ဗြိတိန် နိုင်ငံ လွှတ်တော် ပါတီစုံ ရပ်ဝန်းနှင့် ပိုးလမ်းမ နှင့် တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြံအဖွဲ့ အား ၂၀၁၈ ခုနှစ် စက်တင်ဘာလ တွင် စတင် ထူထောင်ခဲ့ပြီး ဗြိတိန် နိုင်ငံ ပါတီ အသီးသီး မှ လွှတ်တော် ကိုယ်စားလှယ် များဖြင့် ဖွဲ့စည်းထားကြောင်း ၊ အဖွဲ့ အနေဖြင့် အစည်းအဝေး များ ကျင်းပခြင်း ၊ လေ့လာရေး ခရီးများ သွားရောက်ခြင်း စသည် တို့ဖြင့် ဗြိတိန်-တရုတ် နှစ်နိုင်ငံ အစိုးရ နှင့် လုပ်ငန်းများ ဆက်ဆံမှု ကို တိုးချဲ့စေခဲ့ကြောင်း သိရှိရသည်။

(Xinhua)

0 comments:

Post a Comment