Friday, May 31, 2019

ဂျပန်အခြေစိုက် Nissin Electric ကုမ္ပဏီက သီလဝါ၌ ဇွန်လတွင် စက်ရုံတည်ဆောက်မည်

ဂျပန်အခြေစိုက်လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်သည့် ကုမ္ပဏီ Nissin Electric ကုမ္ပဏီက သီလဝါအထူးစီးပွားရေးဇုန် တွင် လာမည့် ဇွန်လ၌ စက်ရုံတည်ဆောက်မည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်သည်။ 
ထိုင်းနှင့် ဗီယက်နမ်နိုင်ငံရှိ စက်ရုံများတွင် အလုပ်သမား စရိတ် ကြီးမြင့်လာခြင်းကြောင့် ကုန်ကျစရိတ်လျှော့ချရန် လျှပ်စစ်ပစ္စည်း အစိတ်အပိုင်းအချို့ကို မြန်မာနိုင်ငံ၌ ပြောင်းရွှေ့၍ တပ်ဆင်ထုတ်လုပ်မည်ဟု ဆိုသည်။ 
Nissin Electric သည် မြန်မာနိုင်ငံတွင် လျှပ်စစ်ပစ္စည်း များအပြင် စက်ယန္တရားအစိတ်အ ပိုင်းများ တပ်ဆင်ထုတ်လုပ်မည် ဟု အဆိုပါကုမ္ပဏီက ထုတ်ပြန် ကြေညာသည်။ 
ထိုသို့ ထုတ်လုပ်ရန် မြန်မာ ပြည်ကုမ္ပဏီခွဲ Nissin Electric (မြန်မာ)အတွက် ရောင်းဝယ်ရေး ကုမ္ပဏီ Hosoda Holding နှင့် Nissin Electric ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းဖြစ် သည်။ 
ရှယ်ယာ ၉၅ ရာခိုင်နှုန်းကို Nissin Electric က ပိုင်ဆိုင်မည် ဖြစ်သည်။ စက်ရုံလည်ပတ်ခြင်း ကို ၂၀၂၀ မတ်လတွင် စတင်နိုင် မည်ဟု ကုမ္ပဏီက ဆိုသည်။ 
Nissin ကုမ္ပဏီသည် ထိုင်း နှင့် ဗီယက်နမ်နိုင်ငံရှိ စက်ရုံများ တွင် လျှပ်စစ်ပစ္စည်းများ ထုတ် လုပ်နေပြီး ဈေးကွက် ရှယ်ယာ ၆၀ ရာခိုင်နှုန်းနှင့် ၄၀ ရာခိုင်နှုန်းစီ အသီးသီးပိုင်ဆိုင်ထားသည်။ 
Nissin Electric ကုမ္ပဏီ သည် ဂျပန် Sumitomo ကော် ပိုရေးရှင်း၏ လက်အောက်ခံ ကုမ္ပဏီဖြစ်ပြီး Sumitomo Ele-ctric Industrial ၏ မိတ်ဖက် ကုမ္ပဏီလည်းဖြစ်သည်။ 
Nissin Electric ကုမ္ပဏီ သည် ဂျပန်နိုင်ငံ ကျိုတိုအခြေစိုက် ကုမ္ပဏီဖြစ်ပြီး ဂျပန်၊ တိုင်ပေ၊ကိုရီးယား၊ ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယ၊ အမေရိကန်နှင့် စပိန်နိုင်ငံ တို့တွင် စက်ရုံများ တည်ဆောက်ထားသည်။ 
Sumitomo ကော်ပိုရေးရှင်း သည် သီလဝါအထူးစီးပွားရေးဇုန် တည်ထောင်ရာတွင် ပါဝင်ခဲ့သည့် ဂျပန်ကော်ပိုရေးရှင်းတစ်ခု ဖြစ် သည်။

7Day

0 comments:

Post a Comment