Friday, May 31, 2019

မော်တော်ဆိုင်ကယ်ဖြင့် ကမ္ဘာပတ်မည့်မြန်မာနိုင်ငံသားနှစ်ဦး မြန်မာနိုင်ငံမှ စတင်ထွက်ခွာ



မော်တော်ဆိုင်ကယ်နဲ့ကမ္ဘာပတ်မယ့် ကိုစိုင်းဇွန်ဖနဲ့ ကိုအောင်ကျော်ဝင်း တို့နှစ်ယောက်ဟာ မေ(၃၁)ရက် မနက်ပိုင်းမှာ တာချီလိတ်မြို့ကို ထွက်ခွာသွားကြပြီဖြစ်ပါတယ်။ 
သူတို့ဟာ (၃၀)ရက် ညပိုင်းက မန္တလေးမြို့ ကနေတစ်ဆင့် တောင်ကြီးမြို့ ကို ရောက်ရှိခဲ့ပြီး တာချီလိတ်မြို့ကနေတစ်ဆင့် ထိုင်းနိုင်ငံကို ဝင်ရောက်ကြမှာ ဖြစ်ပါတယ်။ 
ထိုင်းနိုင်ငံကတစ်ဆင့် လာအိုနဲ့တရုတ်နိုင်ငံတို့ကိုဖြတ်သန်းပြီး ရုရှားနိုင်ငံဘက်ကို ဆက်လက် ထွက်ခွာကြမယ်လို့ ဆိုပါတယ်။ 
မော်တော်ဆိုင်ကယ်နဲ့ နိုင်ငံတကာကိုဖြတ်သန်းသွားလာကြမှာဖြစ်တဲ့ အတွက် သက်ဆိုင်ရာသံရုံးတွေကိုသွားရောက်ပြီး လူနဲ့ဆိုင်ကယ်တွေ အတွက် ခွင့်ပြုချက်ကြိုတင်တောင်းခံတာတွေ ဆောင်ရွက်ထားတယ်လို့ ကိုစိုင်းဇွန်ဖက ပြောပါတယ်။ 
မော်တော်ဆိုင်ကယ်နဲ့ကမ္ဘာပတ်ဖို့ ငယ်စဉ်ကတည်းက ရည်မှန်း ထားခဲ့တာဖြစ်ပြီး လက်တွေ့ အကောင်အထည် ဖော်နိုင်တဲ့အချိန်မှာ နိုင်ငံပေါင်း(၃၀)ကျော်ကို ဖြတ်သန်းသွားကြမှာဖြစ်တယ်လို့ ဆိုပါတယ်။ 
ဒါ့အပြင် လမ်းခရီး တစ်လျှောက်မှာ ဖြစ်ပေါ်လာမယ့် အခက်အခဲတွေ ကိုလည်း သူငယ်ချင်းနှစ်ယောက် အတူရင်ဆိုင်နိုင်ဖို့ ကြိုတင် ပြင်ဆင်ထားတယ်လို့ ကိုအောင်ကျော်ဝင်းက ပြောပါတယ်။ 
သူတို့နှစ်ယောက်ဟာ အခုလိုကမ္ဘာပတ်မယ့်ခရီးစဉ်ကို မေ(၂၆)ရက်မှာ ရန်ကုန်မြို့ကနေ စတင်ထွက်ခွာခဲ့ တာဖြစ်ပြီး တောင်ကြီးမြို့ကို မေ(၃၀)ရက်ညမှာရောက်ရှိခဲ့တာဖြစ်ပါတယ်။ 
မေ(၃၁)ရက်မနက်ပိုင်းမှာတော့ တောင်ကြီးမြို့ကနေ တာချီလိတ်မြို့ကို ထွက်ခွာသွားပြီဖြစ်ပါတယ်။ 




သတင်း - သန်းထိုက်အောင်၊ ဇော်မိုးဦး
One News Myanmar 



0 comments:

Post a Comment