Friday, May 31, 2019

မန္တလေးတိုင်း၊ ၀မ်းတွင်းမြို့နယ်တွင် သိမ်းဆည်းခံမြေများ ပြန်လည်ရရှိရေး ထွန်တုံးတိုက်ပွဲ ဆင်နွှဲ


မန္တလေးတိုင်းဒေသကြီး၊ ၀မ်းတွင်းမြို့နယ်၊ မကျီးအုပ်ကျေးရွာ ၊ စာမြဲ တောင်ခြေတွင် သိမ်းဆည်းခံ မြေယာများ ပြန်လည်ရရှိရေး မြေသိမ်းခံ တောင်သူများက ထွန်းတုံးတိုက်ပွဲ ဇွန်လ ၁ ရက်နေ့က ဆင်နွှဲခဲ့ကြကြောင်း သိရှိရသည်။ 
ရှမ်းရိုးမ စာမြဲတောင်ခြေမှ ထွန်တုံးတိုက်ပွဲသည် တောင်သူများ၏ မိဘဘိုးဘွားလက်ထက်မှ ဓားမဦးချ လုပ်ကိုင်ခဲ့သော တောင်သူပိုင် လယ်ယာမြေများကို ၁၉၇၁ ခုနှစ်တွင် သစ်တောဦးစီးဌာနက ကြိုးဝိုင်းနယ်နမိတ်သတ်မှတ်ကာ သိမ်းယူခဲ့ကြောင်း၊ သစ်တောမြေအဖြစ် မတရားသတ်မှတ်ခံရသဖြင့် ဓားမဦးချ တောင်သူများက ထွက်ပေးခဲ့ရကြောင်း၊ သစ်တောဌာနက သစ်တောဟု သတ်မှတ်သော်လည်း သစ်တောမထူထောင်နိုင်ဘဲ စိုက်ပျိုးရေးဌာန ကို လွှဲပေးခဲ့ကြောင်း၊ စိုက်ပျိုးရေးက အုန္နဲစိုက်ကွင်း(၉၀၀)ဧက၊ စာမြဲစိုက်ကွင်း(၈၀၀)ဧက ၊ ဗဟိုစိုက်ကွင်း(၇၀၀)ကေlရွှေလက်လှစိုက်ကွင်း(၇၅၀)ဧက နှင့် စီးတီးစိုက်ကွင်း(၇၅၀)ဧက စသည်ဖြင့် သိမ်းယူမြေများအား စခန်း(၅) ခု ပြု လုပ်ခဲ့ကြောင်း၊ ၂-နှစ် ၃-နှစ်ခန့် သာ စိုက်ပျိုးရေး စိုက်ကွင်းမှူး က စိုက်ပျိုးခဲ့ပြီး သူတို့ လည်း တွက်ခြေမကိုက်၍သီးစားချထားခဲ့ရကြောင်း၊၂၀၁၂ ခုနှစ် တွင် လယ်ယာမြေဥပဒေထွက်လာပြီး သီးစားမချရဟု အမိန့် ထွက်လာသော်လည်း ၂၀၁၇ ခုနှစ်ထိ သီးစားချထားခဲ့ကြောင်း၊ ယခုအခါ သီးစားခ ကို တစ်ဧကလျှင် ၃၀၀၀၀ ကျပ် နှုံးဖြင့် စိုက်ကွင်းမှူး နှင့်သီးစားတောင်သူတို့  အဆင်ပြေသလို နားလည်မှု ဖြင့် ပေးစားလုပ်ကိုင်ခွင့်ပြုထားကြောင်း၊ စိုက်ပျိုးရေးဝန်ကြီးဌာနက မျိုးစေ့ထုတ်လုပ်ရေးlလေ့ကျင်ပညာပေးရေး နှင့်သုတေသနလုပ်ငန်းစီမံကိန်း ဆာင်ရွက်လျှက်ရှိကြောင်းကြေညာခဲ့သော်လည်း ယခုအခါ စီမံကိန်း ဆောင်ရွက်ခြင်းမရှိကြောင်း သိရှိရသည်။ 
သီးစားချ ထားခြင်းခံရသူ တို့ နှင့် မြေသိမ်းသမားသစ်တောဌာန၊ စိုက်ကွင်းတာဝန်ခံတို့  ပေါင်းစားနေသော အလွဲသုံးစားမြေအဖြစ်သာ ဖြစ်နေရကြောင်း၊ သီးစားရယူ လုပ်ကိုင်နေသော ညောင်အုပ်ဖီးရွာသား ဦးလှသိန်း ဆိုသူက သူ သီးစားလုပ်ကိုင်နေသော မြေထဲမှ လူနေအိမ်ဝိုင်း ခန့် မှန်း ပေ-၄၀၊ပေ-၆၀ အကွက်များရိုက်ကာ ဝိုင်းတစ် ဝိုင်းလျှင် ၄ သိန်း နှုန်းဖြင့် ဝိုင်း ၂၀-ခန့် အထိ ရောင်းစားပြီးဖြစ်ကြောင်း၊ မြေသိမ်းခံနေကြရသော ညောင်အုပ်ဖီးရွာ lမကျီးအုပ်ရွာl ကုန်းရွာ နေ ဓားမဦးချ တောင်သူ တို့ သည် ယနေ့  မနက်တွင် သိမ်းဆည်းခံမြေယာများပြန်လည်ရ ရှိရေးတွက် စာမြဲ စိုက်ကွင်း သိမ်းယူခံနေရာ ရှိ မြေယာများအား ပြန်လည်ဝင်ရောက် ထွန်တုံးတိုက်ပွဲဆင်နွှဲကြောင်း သိရှိရသည်။ 
အာဏာပိုင်များ နှင့် မြေယာအဖွဲ့အစည်းများကို လည်း မူလ တောင်သူ (၁၅၅)ဦး က တစ်ဦးနှင့်တစ်ဦး အရပ်(၄)မျက်နှာ ကဇင်းယှက် ကဇင်းတင် သက်သေများဖြင့် လက်မှတ်ထိုးကာ ပြန်လည်လုပ်စားခွင့်ပြု ရန် တင်ပြထားပြီးလည်းဖြစ်ကြောင်း သိရှိရသည်။


Khit Thit Media 

0 comments:

Post a Comment