Friday, May 31, 2019

"သီတဂူဆရာတော်အား ပုတ်ခတ်ပြောဆိုသူများ မိုးကြိုးပစ်ခံရလိမ့်မည်" ဟု ဦးဝီရသူ မိန့်ကြား


သီတဂူဆရာတော်ကြီးအား ပုတ်ခတ်ပြောဆိုသူများ မိုးကြိုးပစ်ခံရ လိမ့်မည် ဖြစ်ပြီး မိသားစုများ စက်ကွင်းလွတ်အောင်နေကြရန် ဦးဝီရသူ က မိန့်ကြားသည်။ 
ယမန်နေ့ညတွင် ဆိုရှယ်မီဒီယာတစ်ခုဖြစ်သည့် VK မှ ဦးဝီရသူ က ရုပ်သံဖိုင်တစ်ခုတင်ခဲ့ပြီး သီတဂူဆရာတော်ကြီး က ရဲဘော်ဟု ခေါ်ဆိုမှုနှင့် ပတ်သက်ပြီး ရှင်းလင်းသည့် ဖိုင်တစ်ခု တင်ခဲ့သည်။ 
ယင်းရုပ်သံဖိုင်တွင် "ငှက်ဆိုးတွေ ကို ပြောချင်တယ်" ဟု အစချီ ထားပြီး ရဲဘော်ခေါ်ဆိုမှုနှင့်ပက်သက်ပြီး ရှင်းလင်းချက်များ ပြောကြားထားသည့် ရုပ်သံဖိုင် တစ်ခုဖြစ်သည်။ 
ရဲဘော်ဟူသည် လက်အောင်ငယ်သားများအား ခေါ်ဆိုကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းသည်လည်း ရဲဘော်ဆိုသည့် စကားလုံး ကို သုံးစွဲခဲ့ကြောင်း၊ ထိုသို့ သုံးစွဲခဲ့မှုသည် ပါတီနှင့် မိသားစုဝင်များအား မည်သူ့ကို ထိခိုက်ခဲ့သလဲ ဟု ဦးဝီရသူက မေးခွန်းထုတ် ပြောကြားထားသည်။ 
"ခင်ဗျားတို့တွေ တစ်ယောက်တည်းပဲ နေကြပါ။ မိုးရွာတဲ့အခါ မိသားစုနဲ့ အတူမနေကြပါနဲ့။ မိသားစုတွေအားလုံးလည်း သူတို့နဲ့ ကင်းကင်းရှင်းရှင်းနေကြပါ။ စက်ကွင်းမိလို့ရှိရင် မိုးကြိုးပစ်ခံရပါ လိမ့်မယ်။ မှတ်ထား ရဲဘော်ဆိုတာ ပြည်သူပိုင်စကား။ အကြီးအကဲ တိုင်းပြောခွင့်ရှိတဲ့ စကား။ လက်အောက်ငယ်သားတိုင်းကို ခေါ်ခွင့်ရှိတဲ့ စကား။ လက်အောက်ငယ်သားတိုင်းလည်း ရဲဘော်ပဲ။ ရဲဘော်ဆက်လုပ် မင်းနဲ့အတူ ငါရှိတယ်။" ဟု ရုပ်သံဖိုင်တွင် ဆရာတော်ဦးဝီရသူ က မိန့်ကြားထားသည်။ 
သီတဂူဆရာတော်ကြီး မိန့်ကြားခဲ့သည့် အစိုးရနှင့် ပြည်သူ၊ တပ်တော်နှင့် သံဃာ ညီညွှတ်ရေးတရားများသည်လည်း တိုင်းပြည်အတွက် ကောင်းအောင်ဟောကြားခဲ့မှုများဖြစ်သော် လည်း သီတဂူဆရာတော်အား စော်ကားခဲ့ကြကြောင်း လည်း ဦးဝီရသူ ဟောကြားမှုတွင် ပါရှိသည်။ 
ဆရာတော်ဦးဝီရသူသည် မေ လ ၅ ရက် ရန်ကုန်မြို့တွင် ပြုလုပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်သည့် ဟောပြော ပွဲတွင် ဟောပြောချက်များသည် အစိုးရအား ပုတ်ခတ်ပြောကြား သည်ဟုဆိုကာ အနောက်ပိုင်းခရိုင်တရားရုံးက ပုဒ်မ ၁၂၄ (က) ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသည်။ 
ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးနေပြီး လက်ရှိအချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးချေ။ 
ယမန်နေ့က ရန်ကုန်တိုင်းသံဃာ့နာယက အဖွဲ့၏ ဆုံးမသြဝါဒ ခံယူပွဲသို့ တက်ရောက်ရန်လာရောက်မည်ဟု သတင်းများထွက်ပေါ် နေခဲ့သော်လည်း လာရောက်ခြင်းမရှိချေ။ 
ဆရာတော်ဦးဝီရသူ လာရောက်မည်ဆိုသော သတင်းကြောင့် မျိုးချစ် သံဃာများနှင့် လူပုဂ္ဂိုလ်များက တိုင်းသံဃာ့နာယက ရုံးရှေ့တွင် ဝန်ရံရောက်ရှိခဲ့ကြပြီး ရွှေတိဂုံဘုရားတွင် ဆုတောင်းမေတ္တာပို့ခဲ့ကြသည်။ 
မေ ၁၉ ရက်ကလည်း မန္တလေးရှိ ဦးဝီရသူ သီတင်းသုံးသော မစိုးရိမ်တိုက်သစ်သို့ ရဲတပ်ဖွဲ့က ဝင်ရောက် ရှာဖွေခဲ့သော်လည်း ဦးဝီရသူအား မတွေ့ရှိခဲ့ပေ။ 
ဦးဝီရသူ က ထွက်ပြေးတိမ်းရှောင်နေမည်မဟုတ်ဘဲ အဖမ်းခံမည်ဟု ပြည်တွင်း မီဒီယာများသို့ ပြောကြားထားသော်လည်း လက်ရှိတွင် မည်သည့် နေရာတွင် သီးတင်းသုံးရောက်ရှိနေသည်ကို မသိရှိရပေ။

The Fifth Wave News 

0 comments:

Post a Comment