Friday, May 31, 2019

မန္တလေး မဟာမြတ်မုနိဘုရားကြီး ၀င်ကြေး နိုင်ငံခြားသားတစ်ဦးလျှင် ကျပ်ငါးထောင်သတ်မှတ်


မန္တလေးမြို့ရှိ အထင်ကရ ဘုရားကြီးဖြစ်သည့် မဟာမြတ်မုနိရုပ်ရှင်တော်မြတ်တွင် ၀င်ကြေးအဖြစ် နိုင်ငံခြားသားတစ်ဦးလျှင် ကျပ်ငါးထောင်သတ်မှတ်ကောက်ခံသွားမည်ဖြစ်ကြောင်း အဆိုပါဘုရားဂေါပကအဖွဲ့ထံက သိရသည်။ 
``ပြည်ပနိုင်ငံကလာတဲ့ နိုင်ငံခြားသားတွေကို ဇူလိုင်လကစတင်ပြီး တစ်ဦးကို ကျပ်ငါးထောင်နှုန်းသတ်မှတ် ကောက်ခံသွားမှာဖြစ်ပါတယ်၊ အဲဒီအတွက်လည်း ခွင့်ပြုချက်ရရှိထားပြီဖြစ်ပါတယ်`` ဟု အဆိုပါအဖွဲ့က တာဝန် ရှိသူတစ်ဦးကပြောသည်။ 

မဟာမြတ်မုနိရုပ်ရှင်တော်၌ တစ်နေ့လျှင် ပြည်ပနိုင်ငံခြားသား သုံးရာနီးပါးလာရောက်လျက်ရှိပြီး ၀င်ကြေး ကောက်ခံရန်အတွက် လွှတ်တော်တွင် တင်ပြခဲ့ပြီး အတည်ပြုချက်ရရှိသဖြင့် ယခုကဲ့သို့ ကောက်ခံရန် စီစဉ်ခြင်း ဖြစ်ကြောင်းသိရသည်။ 

``လွှတ်တော်မှာတင်ပြပြီး ခွင့်ပြုချက်ရပြီးဖြစ်သလို၊ ရှေးဟောင်းသုတေ သနနဲ့ သာသာရေးဝန်ကြီးဌာနကိုတင် ပြတဲ့အခါမှာ ကန့်ကွက်စရာမရှိကြောင်း စာပို့ထားတဲ့အတွက် နိုင်ငံခြားသားဝင်ခွင့်ကို ကောက်ခံတာဖြစ်ပါတယ်`` ဟု ၎င်းက ဆက်လက်ပြောပြခဲ့သည်။ 

စူးရှ
Isee Media 

0 comments:

Post a Comment