Friday, May 31, 2019

ပုဂ္ဂလိက ကျောင်းများမှ ထုတ်ပေးသည့် လက်မှတ်များစစ်မှန်မှုရှိ၊ မရှိစစ်ရန်အဆိုတင်

ပုဂ္ဂလိက ပညာ ရေးသင်တန်းကျောင်းများ၏ အရည်အသွေး၊ အဆင့်အတန်းကို စစ်ဆေးအကဲဖြတ်ခြင်းနှင့် ယင်းသင်တန်းကျောင်းများမှ ထုတ် ပေးသော လက်မှတ်များကို စိစစ် ပြီး သတင်းထုတ်ပြန်ပေးရေးတိုက် တွန်းကြောင်းအဆိုကို အမျိုးသားလွှတ်တော်တွင် ဆက်လက်ဆွေး နွေးမည်ဖြစ်သည်။ 
ထိုအဆိုကို ရန်ကုန်တိုင်း မဲဆန္ဒနယ်အမှတ် (၈) မှ အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွေးက မေလ ၃၀ ရက် အမျိုးသားလွှတ်တော်အစည်းအဝေးသို့ တင်သွင်းခြင်းဖြစ်ပြီး ဆက်လက်ဆွေးနွေးရန် လွှတ် တော်က သဘောတူသည်။ 
နိုင်ငံခြားတက္ကသိုလ် (သို့ မဟုတ်) ပညာရေးအဖွဲ့အစည်း များနှင့် ချိတ်ဆက်၍ဖြစ်စေ၊ ကိုယ်ပိုင်သင်ရိုးများဖြင့် ဖြစ်စေ သင်ကြားနေသည့် ပြည်တွင်းရှိ ပုဂ္ဂလိကသင်တန်းကျောင်းများ ၏ သင်ရိုးညွှန်းတမ်းများ အရည်အသွေးပြည့်မီမှုရှိ၊ မရှိ မသိနိုင်သဖြင့် ကြပ်မတ်ရန်လို အပ်ကြောင်းအဆိုရှင်က တိုက် တွန်းသည်။ 
ထုတ်ပေးသည့် ဒီပလိုမာ၊ ဒီဂရီမမဟာဘွဲ့နှင့် ဒေါက်တာ ဘွဲ့လက်မှတ်များ မှန်ကန်ခိုင်မာမှု ရှိ၊ မရှိလည်းမသိနိုင်ကြောင်း ၎င်းကဆိုသည်။ ထိုလက်မှတ်များ အရည်အချင်းပြည့်မီမှုမရှိ ပါက ငွေကုန်ကြေးကျခံကာ သင် ထားရသည့် ကျောင်းသားများအ တွက် များစွာဆုံးရှုံးနစ်နာကြောင်း ဆိုသည်။ 
ထိုကဲ့သို့ကျောင်းသားများ၏ အနာဂတ်နှင့် မိဘများ၏ငွေ ကြေးဆုံးရှုံးမှုများ မရှိစေရန် တာဝန်ရှိသည့် ပညာရေးဝန်ကြီး ဌာနနှင့် အမျိုးသားပညာရေး မူဝါဒကော်မရှင်တို့က ပုဂ္ဂလိက ကျောင်းများကို စိစစ်ကြပ်မတ် ရန်လိုအပ်ကြောင်း ၎င်းက ထောက်ပြသည်။ 
သို့သော် လက်ရှိတွင် စိစစ် ကြပ်မတ်မှု အားနည်းကြောင်း၊ အမျိုးသားပညာရေး ဥပဒေတွင် ပုဂ္ဂလိက ကျောင်းများ၏ အရည် အသွေးကိုစိစစ်နိုင်ပြီး ကျောင်း များဖွင့်လှစ်ခြင်း၊ ဖွင့်လှစ်ခွင့်ရပ်ဆိုင်းခြင်းများ ပြုလုပ်နိုင်သည်ဟု ဖော်ပြထားကြောင်း အဆိုရှင်က ပြောသည်။ 
မေးခွန်းနှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဒေါက်တာမျိုး သိမ်းကြီးက ပုဂ္ဂလိက ကျောင်း များကို ပညာရေးဝန်ကြီးဌာနက ခွင့်ပြုချက်ထုတ်ပေးထားခြင်းမ ဟုတ်ဘဲ ရင်းနှီးမြှုပ်နှံမှုကော်မ ရှင် (MIC) ကခွင့်ပြုထားသဖြင့် ဘွဲ့လက်မှတ်များ၏ အရည်အ သွေးကို စိစစ်၍ မရကြောင်း ပြန်လည်ဖြေကြားသည်။ 
လက်ရှိရေးဆွဲနေသည့် ကိုယ်ပိုင်ကျောင်းမှတ်ပုံတင် ဥပ ဒေအတည်ပြုပြဋ္ဌာန်းပြီးမှသာ ပုဂ္ဂလိကကျောင်းများ၏ ဘွဲ့လက် မှတ်အရည်အသွေးကို စိစစ်နိုင် မည်ဟု ၎င်းကပြောသည်။ 
ဒေါက်တာမျိုးသိမ်းကြီး၏ ဖြေကြားချက်အပေါ် အဆိုရှင်က ‘‘ဥပဒေမရှိလို့မလုပ်သေးဘူးဆို ရင်ဖြစ်ချင်သလိုဖြစ်နေမယ်။သိပ် ပြီးတော့ တိုင်းပြည်ရေရှည်အ တွက် တာဝန်ယူမှုရှိတဲ့အဖြေမျိုး တော့မဟုတ်ဘူး’’ ဟု ပြောသည်။ 
မြန်မာနိုင်ငံတွင် ပြည်ပမှ ၀င်ရောက်လာသည့် ပုဂ္ဂလိက ကျောင်း ၁၀၀ ကျော်ရှိနေသည် ဟု အဆိုရှင်ကပြောသည်။ 
ယင်းအဆိုကို ဆွေးနွေးလို သည့် လွှတ်တော်ကိုယ်စားလှယ် များအား လွှတ်တော်ဥက္ကဋ္ဌက ဖိတ်ခေါ်ထားသည်။

7Day

0 comments:

Post a Comment