Wednesday, May 29, 2019

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် တရားစွဲခံထားရသည့် ဆရာတော် ဝီရသူ ရန်ကုန်တိုင်း သံဃာ့မဟာနာယက၏ သြဝါဒခံယူရန် ရန်ကုန်မြို့သို့ ကြွရောက်


နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် တရားစွဲခံထားရသည့် ဆရာတော် ဝီရသူ ရန်ကုန်တိုင်း သံဃာ့မဟာနာယက၏ သြဝါဒခံယူရန် ရန်ကုန်မြို့သို့ ကြွရောက်လာကြောင်း ဆရာတော်၏ ကျောင်းသားတစ်ဦးက ပြောကြားသည်။ 
ရန်ကုန်တိုင်းဒေသကြီးသံဃနာယက အဖွဲ့က ဆရာတော်ဦးဝီရသူကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် စပ်လျဉ်းသည့်ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်ဟောပြောမှုနှင့် ပတ်သက်၍ မေ ၃၀ ရက်တွင် ခေါ်ယူသြဝါဒပေးမည်ဖြစ်သည်။ 
ဆရာတော်ဦးဝီရသူထံသို့ တယ်လီဖုန်းဖြင့် မေ ၂၉ ရက်တွင် ဆက်သွယ်မေးမြန်းခဲ့ရာ ဆရာတော်၏ ကျောင်းသားတစ်ဦးက ဆရာတော်ဦးဝီရသူသည် ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့ထံသြဝါဒခံယူရန် မန္တလေးမှ ရန်ကုန်သို့ထွက်ခွားသွာပြီဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ 

ထိုကဲ့သို့ တိုင်းသံဃနာယကအဖွဲ့က သြဝါပေးမည်ဆိုသော ပင့်ဖိတ်စာအား ဆရာတော်ဦးဝီရသူထံ ပေးရန် တာဝန်ရှိသူတစ်ဦးက ဖုန်းဖြင့် ပြောကြားနေသည့်အသံဖိုင်ကို ဦးဝီရသူက VK လူမှုကွန်ယက်ရှိ ၄င်း၏အကောင့်တွင် မေ ၂၉ ရက် ညပိုင်းက တင်ထားကြောင်းသိရသည်။ 
အဆိုပါ အသံဖိုင်တွင် ဆရာတော်ဦးဝီရသူက " ဆရာတော်တွေကိုလည်း ဆက်မိရင် လျှောက်လိုက်ပေါ့ဗျာ။ သံဃနာယက က သံဃာတွေကို အကာအကွယ်ပေးရမှာ။ သံဃနာယက က သံဃာတော်တွေကိုနှိပ်ကွပ်တာမျိုးက ဝီရသူက လက်ခံမှာ မဟုတ်ဘူးလို့နော်။ ခင်ဗျာတို့လည်း သာသနာရေးဌာနဆိုတော့ သာသနာကို စောင့်ရှောက်ကြပါဗျာ။ သာသနာကိုတော့ မဖိနှိပ်ကြပါနဲ့ " ဟု ထည့်သွင်းမိန့်ကြားထားသည်။ 
ဆရာတော်ဦးဝီရသူထံသို့ တယ်လီဖုန်းဖြင့် မေ ၂၉ ရက်တွင် ဆက်သွယ်မေးမြန်းခဲ့ရာ ဆရာတော်၏ ကျောင်းသားတစ်ဦးက ဆရာတော်ဦးဝီရသူသည် ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့ထံသြဝါဒခံယူရန် မန္တလေးမှ ရန်ကုန်သို့ထွက်ခွားသွာပြီဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ 
တိုင်းဒေသကြီး သံဃနာယက အဖွဲ့က ပေးပို့သောစာတွင် အကြောင်းအရာမှာ ခေါ်ယူသြဝါဒပေးရန် ညွှန်ကြားလာခြင်းကိစ္စအမည်ဖြင့် ပါရှိပြီး မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်မှ ဦးဝိစိတ္တာဘိဝံသ(ဦးဝီရသူ)သို့ ဆက်ကပ်ပါရန် ဟူ၍ ပါရှိကြောင်းသိရသည်။ 
အဆိုပါစာတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ရည်ညွှန်းချက်ပါစာဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံရှေ့ ကားပါကင်၌ ပြုလုပ်ခဲ့သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉(စ) ကာကွယ်စောင့်ရှောက်ရေးနှင့် ပုဒ်မ ၂၆၁ ပြင်ဆင်ရေး လူထုဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်ဟောပြောခဲ့သော ဦးဝိစိတ္တာဘိဝံသ(ဦးဝီရသူ)အား နောက်နောင်ထိုကဲ့သို့ လူမှုရေးကိစ္စများ၌ ပါဝင်ဆောင်ရွက်မှုမပြုရေး ခေါ်ယူသြဝါဒပေးရန်နှင့် အောက်ပါအတိုင်း ဆုံးဖြတ်ခဲ့ပြီး ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ပြန်လည်တင်ပြရန် အကြောင်းကြားခဲ့ပါကြောင်း ဖော်ပြပါရှိသည်။ 
ထိုဆုံးဖြတ်ချက်မှာ ရန်ကုန်တိုင်းဒေသကြီးဖြစ်ပွားသော ကိစ္စဖြစ်၍ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့က ဦးဝိစိတ္တာဘိဝံသ(ဦးဝီရသူ)ကို ခေါ်ယူသြဝါပေးရန်ဖြစ်ပြီး သြဝါပေးပွဲအခမ်းအနားကို မေ ၃၀ ရက် မွန်းလွဲ ၂ နာရီတွင် ဗဟန်းမြို့နယ်၊ ကြားတောရလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး သံဃနာယက အဖွဲ့ရုံး၌ ကျင်းပမည်ဖြစ်ကြောင်း အဆိုပါစာတွင်ဖော်ပြပါရှိသည်။ 
ဆရာတော်ဦးဝီရသူကို ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်းက အနောက်ပိုင်းခရိုင်တရားရုံး၌ ပုဒ်မ ၁၂၄(က) ဖြင့် မေ ၂၈ ရက်တွင် ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့ပြီး အနောက်ပိုင်းခရိုင်တရားရုံးက ပုဒ်မ-၁၂၄(က)ဖြင့် မေ ၂၈ ရက်တွင် ဖမ်းဝရမ်းထုတ်ပြန်လိုက်ကြောင်း Eleven Media Group က စုံစမ်းမှုအရ သိရှိရသည်။ 

Eleven Media Group

0 comments:

Post a Comment