Friday, May 31, 2019

စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူများကို ဖမ်းဆီး



ယာဉ်အန္တရာယ် ကင်းရှင်းရန်အတွက် စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူများကို ဖမ်းဆီး၍ ပညာပေးမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။ 

ရန်ကုန်မြို့လယ်ရှိ ဆူးလေလမ်းဆုံ မီးပွိုင့်မှ လမ်းဖြတ်ကူးသူများကို လူကူးခုံးကျော်တံတားပေါ်မှ ဖြတ်သန်းကြရန်အတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့က ဆောင်ရွက်နေခြင်းဖြစ်သည်။ 

လူကူးခုံးကျော် တံတားမှ ဖြတ်သန်းခြင်း မပြုဘဲ လမ်းစည်းကမ်း ဖောက်ဖျက်သူများကို မေလ ၁၅ ရက်မှ စတင်ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဥပဒေ ချိုးဖောက်မှုဖြင့် အမြင့်ဆုံးဒဏ်ငွေ ကျပ် ၃ သောင်းအထိတပ်ကာ ဒဏ်ရိုက် အပြစ်ပေးသွားမည်ဟု ကြေညာထားသော်လည်း ယနေ့အထိ ပညာပေးကာလအဖြစ်သာ အသိပေးမှု ပြုလုပ်နေခြင်း ဖြစ်သည်။ 









သတင်း - သဇင်လှိုင် 
ဓာတ်ပုံ - ထက်ဝေ/ ဧရာဝတီ 


0 comments:

Post a Comment