Wednesday, May 29, 2019

ပြည်သူလူထုက အားကိုရသည့် တပ်ဖြစ်အောင် ဆောင်ရွက်ရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား



ပြည်သူလူထုက အားကိုရသည့် တပ်၊ တိုင်းပြည်က အားထားရသည့် တပ် ဖြစ်အောင် ဆောင်ရွက်ရမည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသည်။ 

မေလ ၂၈ ရက်က ရန်ကုန်တပ်နယ်ရှိ အရာရှိ၊ စစ်သည် မိသားစုများအား ရန်ကုန်တိုင်း စစ်ဌာနချုပ်ရှိ ဇေယျာသီရိဗိမာန် သဘင်ဆောင်၌ တွေ့ဆုံအမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ 
တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး တပ်မတော် သားများနှင့် မိသားစုဝင်အားလုံးသည် နိုင်ငံတစ်ဝှမ်း လုံးမှ တိုင်းရင်းသား ပြည်သူများနှင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်း ဖြစ်သောကြောင့် တပ်မတော်သည့် ပြည်သူများ၏ အစိတ်အပိုင်း တစ်ခုဖြစ်သည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။ 
ထို့ကြောင့် ပြည်သူက အားကိုရသည့် တပ်၊ တိုင်းပြည်က အားထာ ရသည့် တပ် ဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။ 
တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးတွင် အဓိက တာဝန်ရှိကြောင်း ကိုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှားစကားတွင် ထည့်သွင်းပြောကြားသည်။ 

အောင်ရဲနောင် 
The Ladies News 

0 comments:

Post a Comment