Wednesday, May 29, 2019

နယူးဇီလန်တွင် ကျောင်းဆရာ/ဆရာမများက လစာတိုးပေးရန် ဆန္ဒပြ


နယူးဇီလန်နိုင်ငံမှာ အခုလ(၂၉)ရက်က သောင်းနဲ့ချီတဲ့ကျောင်းဆရာ/ဆရာမတွေဟာ လစာတိုးပေးဖို့တောင်းဆိုပြီး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဒီဆန္ဒပြပွဲဟာ နယူးဇီလန်နိုင်ငံမှာ ကြုံဖူးသမျှပညာရေးဆန္ဒပြမှုတွေအတွင်း အကြီးမားဆုံး ဆန္ဒပြမှုကြီးပဲဖြစ်ပါတယ်။ နိုင်ငံတစ်ဝန်းကကျောင်းတွေကို ပိတ်ထားပြီး၊ အလယ်တန်းနဲ့ မူလတန်းကျောင်း ဆရာ/ဆရာမ(၅)သောင်းနီးပါး လာရောက်ပူးပေါင်းပြီး ဆန္ဒပြခဲ့ကြတာပါ။ 
  
နယူးဇီလန်ဝန်ကြီးချုပ် ဂျက်စီဒါအာဒင် ရဲ့ အစိုးရက ပထမဆုံးနိုင်ငံတော်ဘတ်ဂျက်ငွေစာရင်းကိုထုတ်ပြန်ဖို့ စီစဉ်ထား တဲ့ နေ့မတိုင်ခင် တစ်ရက်မှာပဲ ပညာရေးဆန္ဒပြပွဲကြီးပေါ်ပေါက်လာခဲ့တာပါ။ 
  
ကျောင်းဆရာ/ဆရာမတွေကို လစာတိုးပေးဖို့ နဲ့ အလုပ်တာဝန်တွေလျော့ချပေးဖို့အတွက် ပညာရေးသမဂ္ဂက ဆရာ/ဆရာမတွေရဲ့ကိုယ်စား နယူးဇီလန်အစိုးရနဲ့ ညှိနှိုင်းဆွေးနွေးနေတာ လအတန်ကြာပြီဖြစ်ပေမယ့်၊ အခုချိန်ထိ သဘောတူညီမှုမရသေးဘူးလို့ ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။ 

ဘာသာပြန် - စုစံစိုး
One News Myanmar 

0 comments:

Post a Comment