Friday, May 31, 2019

"ဦးဝီရသူ ကိစ္စ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်မည်" ဟု သမ္မတရုံး ဆို


ဆရာတော်ဦးဝီရသူအား တရားစွဲဆိုမှုနှင့်ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းအတိုင်းသာ ဆောင်ရွက်သွားမည်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောသည်။ 
"လုပ်ထုံးလုပ်နည်းအတိုင်းပဲ ဆက်လက်ဆောင်ရွက်မှာဖြစ်တယ်။စည်းမျဉ်းစည်းကမ်းပေါ့ လုပ်ထုံးလုပ်နည်းမှာတော့ ကျွန်တော်တို့ရဲချုပ်နဲ့ သာသနာရေးညွှန်ချုပ်နဲ့ ဟိုဘက်ဒီဘက်မရှင်းမ လင်းတွေဖြစ်နေတယ်။ သံသယပိုင်းဖြစ်တဲ့အတွက် သာသနာရေးဆိုင်ရာစည်းမျဉ်း စည်းကမ်းပိုင်းက ဘယ်လိုရှိတယ်ဆိုတာ ရဲပိုင်းဆိုင်ရာစည်းမျဉ်းစည်းကမ်းက ဘယ်လိုရှိတယ်။ဒါလေးတွေပေါ့ ပြန်ညှိဖို့ရှိတယ်။" ဟု ယနေ့ နေပြည်တော်မှာ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေး က ပြောကြားသည်။ 

တရားစွဲဆိုရန်အတွက် အုပ်ချုပ်ရေးပိုင်းက ရန်ကုန်တိုင်းဒေသ ကြီးအစိုးအဖွဲ့အား ညွှန်ကြားခဲ့ခြင်းဖြစ်ပြီး အနောက်ပိုင်းခရိုင်တရားရုံးတွင် ပုဒ်မ ၁၂၄ (က) ဖြင့် ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်သည်။

The Fifth Wave News 

0 comments:

Post a Comment