Friday, May 31, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ချက်နှင့် ဟန်ဂေရီခရီးစဉ် စတင်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ချက်သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ် မစ္စတာ အန်ဒရီးဘားဘီးစ်၏ ဖိတ်ကြားချက်အရ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂ ရက်မှ ၄ ရက်အထိ ချက်သမ္မတနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးသွားရောက်ရန် ယနေ့ ၀၈၃၀ နာရီတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာသွားပါသည်။ 
ချက်သမ္မတနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဇွန်လ ၅ ရက်မှ ၆ ရက်အထိ ဟန်ဂေရီနိုင်ငံသို့ အလုပ်သဘောခရီးစဉ် ဆက်လက်သွားရောက်မည် ဖြစ်ပါသည်။ 
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါ သွားပါသည်။ 
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်နှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံရုံးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် လိုက်ပါပို့ဆောင် နှုတ်ဆက်ခဲ့ကြကြောင်း သိရှိရပါသည်။ 

ဓါတ်ပုံ- သတင်းစဉ်
News Watch 

0 comments:

Post a Comment