Friday, May 31, 2019

အမေရိကန်နိုင်ငံ ဗါဂျီးနီးယားပြည်နယ်ရှိ အစိုးရအဆောက်အအုံတွင် ပစ်ခတ်မှုဖြစ်ပွား ၊ အနည်းဆုံး ၁၂ ဦးသေဆုံး


အမေရိကန်ပြည်ထောင်စု ဗါဂျီးနီးယားပြည်နယ်က အစိုးရအဆောက်အအုံကို သေနတ်သမားတစ်ဦး ပစ်ခတ်ခဲ့လို့ အနည်းဆုံး လူ(၁၂)ဦး သေဆုံးပြီး၊ (၆)ဦး ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်ရဲတွေက မေလ ၃၁ ရက်နေ့က ပြောပါတယ်။ 
သေနတ်သမားဟာ အသက်(၄၀)အရွယ် ဒီဝေနီ ခရက်ဒေါ့ (Dewayne Craddock) ဖြစ်ပြီး လျှပ်စစ်နဲ့ ဆိုင်တဲ့ ဌာနက အင်ဂျင်နီယာတစ်ဦးဖြစ် ပါတယ်။ 

သူဟာ အပြန်အလှန်ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ပြီ လို့ အာဏာပိုင် ရဲတွေက ပြောပါတယ်။ ဒီကိစ္စကို အက်ဖ်ဘီအိုင်နဲ့ဒေသခံ အာဏာပိုင်တွေက ဆက်လက် စုံစမ်း နေကြောင်း စီအန်အန် သတင်းမှာ ဖော်ပြပါတယ်။

One News Myanmar 

0 comments:

Post a Comment