Friday, May 31, 2019

ဘတ်စ်ကားသစ်များကို Made in Myanmar အဖြစ် ကမ္ဘာ့နိုင်ငံများသို့ ရောင်းချနိုင်အောင် ဆောင်ရွက်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ပြောကြား


ဘတ်စ်ကားသစ်များကို Made in Myanmar အဖြစ် ကမ္ဘာ့နိုင်ငံများသို့ ရောင်းချနိုင်အောင် ဆောင်ရွက်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။ 
“ ကျွန်တော်တို့ မြန်မာနိုင်ငံ အနေနဲ့လည်း မြန်မာနိုင်ငံရဲ့ Made in Myanmar တကယ့် နိုင်ငံတကာ အဆင့်အတန်းမီ ဘတ်စ်ကားတွေကို ထုပ်လုပ်ပြီး မြန်မာနိုင်ငံကနေ တစ်ဆင့်ပေါ့နော်။ ကမ္ဘာ့နိုင်ငံ အသီးသီးကို ထုတ်လုပ် ရောင်းချနိုင်ဖို့အတွက်လည်း ကျွန်တော်တို့ တိုင်းဒေသကြီး အစိုးရဘက်ကလည်း တတ်စွမ်းသရွေ့ ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အခုလို လာရောက် ရင်းနှီးမြှုပ်နှံက အလားအလာကောင်းတွေ များစွာရှိတယ်လို့ ကျွန်တော့်အနေနဲ့ ပြောလိုပါတယ်။ မြန်မာနိုင်ငံဟာ အခုမှစပြီး ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေကို ဖွင့်ပေးလိုက်တဲ့ ကာလဖြစ်ပါတယ်။ ဒါကြောင့် ဒီအခြေအနေတွေဟာ အခုအချိန်တွေမှာ Inverstment လာရောက် လုပ်နိုင်သူတွေ အတွက်တော့ အခွင့်အလမ်း ကောင်းတွေ ရှိပါတယ်။ ဒီ့အပြင် စိန်ခေါ်မှုတွေလည်း ရှိပါတယ်။ ဒါပေမယ့် ဒီစိန်ခေါ်မှုတွေဟာ အခွင့်အလမ်းအဖြစ်နဲ့ ပြောင်းလဲ အသုံးပြုသွားမယ်ဆိုရင် အခြေအနေကောင်းတွေကို များစွာ ဖန်တီးနိုင်မဲ့ အနေအထားတစ်ခု ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။ 
မေ ၂၈ ရက်က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ရန်ကုန်စက်မှုဇုန်အတွင်းရှိ C Auto Myanmar ကုမ္ပဏီ စက်ရုံသစ်ဖွင့်ပွဲနှင့် SC Neustar ဘစ်စ်ကားသစ် မိတ်ဆက်ပွဲ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဖွင့်အမှာစကားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ 
ဒေါ်လာ သန်း ၃၀ ရင်းနှီးမြှုပ်နှံထားသော အဆိုပါ ကားစက်ရုံတွင် 2D လေဆာ သံပြားဖြတ်မှုနှင့် 2.5 D လေဆာ သံပိုက်ဖြတ်တောက်မှု အပါအဝင် အလိုအလျောက် ၀ိုင်ယာတပ်ဆင် ထုတ်လုပ်ခြင်း စသည့် အဆင့်မြင့် အ်ာတိုစနစ်များ တပ်ဆင်ထားသည့်အတွက် ထုတ်လုပ်မှုနှုန်းကို ရာခိုင်နှုန်း ၄၀ အထိ တိုးမြှင့်နိုင်ကြောင်း၊ စက်ရုံတွင် အရောင်းဌာနနှင့် ဝန်ဆောင်မှုနေရာ တို့ရှိပြီး ယာဉ်မောင်းများ လေ့ကျင့်ပေးခြင်းနှင့် အရစ်ကျ ငွေပေးချေမှုများကိုလည်း ဆောင်ရွက်ပေးထားသည်။ 

Eleven Media Group

0 comments:

Post a Comment