Friday, May 31, 2019

ရှမ်းဒုက္ခသည်စခန်းများကို ခြိမ်းခြောက်ခြင်းမရှိဟု ‘၀’အဖွဲ့ပြော

‘၀’လက်နက်ကိုင်အဖွဲ့ (UWSA)က ရှမ်းဒုက္ခသည်စခန်းများကို ခြိမ်းခြောက်ခြင်းမရှိ ကြောင်း ယင်းအဖွဲ့၏လားရှိုး ဆက်ဆံရေးရုံးတာဝန်ခံဦးညီရန်း က ပြောသည်။ 
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် နှင့် ရှမ်းပြည်နယ်ဒုက္ခသည်များ ဆိုင်ရာကော်မတီ(ထိုင်းနယ်စပ်) က မေလ ၂၃ ရက်တွင် ပူးပေါင်း ထုတ်ပြန်သည့် အစီရင်ခံစာ၌ နိုင်ငံတကာအလှူရှင်များ၏ စား နပ်ရိက္ခာထောက်ပံ့မှု တစ်နှစ် ကျော်ဖြတ်တောက်ခံရသည့် ရှမ်း -ထိုင်းနယ်စပ်တစ်လျှောက်ရှိ အိုး မဲ့အိမ်မဲ့ ရွာသူရွာသားခြောက် ထောင်ကျော်ကို မြန်မာအစိုးရ၊ တပ်မတော်နှင့် ‘၀’ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်(UWSA) တို့၏လုံခြုံရေးခြိမ်းခြောက်မှုများ တိုးမြှင့်နေကြောင်း ထည့်သွင်း ဖော်ပြခဲ့သည်။ 
UWSA ၏ နှစ်(၃၀)ပြည့်အ ခမ်းအနားတွင် ထိုင်းနယ်စပ်မှ ၁၀ ကီလီုမီတာသာကွာဝေးသော မိုင်းတုံမြို့နယ်ရှိ ၎င်းတို့၏ ‘၀’ တောင်ပိုင်းစစ်ဌာနချုပ်၌ ထောင် နှင့်ချီစစ်အင်အားပြသခြင်းသည် ဒုက္ခသည်များနေရပ်မပြန်နိုင်မီ နယ်မြေပြဿနာဖြေရှင်းရန် လို အပ်သည့်သတိပေးချက်ပင်ဖြစ် ကြောင်း မေလ ၂၃ ရက်ထုတ်ပြန် ချက်က ဖော်ပြသည်။ 
ရှမ်းဒုက္ခသည်စခန်းများအ နီး UWSA အပါအ၀င်လက်နက် ကိုင်တပ်ဖွဲ့များ တပ်စွဲထားသော် လည်း လက်ရှိတွင်တိုက်ပွဲကြီး များဖြစ်ပွားခြင်းမရှိသလို အဆိုပါ ရှမ်း IDPs စခန်းများနှင့် UWSA ‘၀’ပြည်တောင်ပိုင်းအမှတ်(၁၇၁) စစ်ဒေသထိန်းချုပ်ရာ နယ်မြေ လည်းဝေးကွာပြီး ရှမ်း IDPs စခန်းများကို မည်သည့်ခြိမ်း ခြောက်မှုမျိုးမျှ ပြုလုပ်ခြင်းမရှိ ကြောင်း ဦးညီရန်းက ၎င်း၏လူမှု ကွန်ရက်စာမျက်နှာ၌ မေလ ၃၀ ရက်က ပြန်လည်ရှင်းလင်းခဲ့ သည်။ 
‘‘SHRF နှင့် SSRC တို့ရေး သားသည့် IDPs စခန်းငါးနေရာ တစ်ဝိုက်သည် RCSS အပါအ၀င် ပြည်သူ့စစ်များ၊ မြန်မာအစိုးရ တပ်နှင့် UWSA အစရှိသည့်လက် နက်ကိုင်တပ်ဖွဲ့များ တပ်စွဲထား ရာဒေသဖြစ်သော်လည်း ၂၀၀၅ နောက်ပိုင်းကစတင်၍ တိုက်ပွဲ ကြီးများဖြစ်ပွားခြင်းမရှိခဲ့ပါ’’ ဟု ဦးညီရန်းကဆိုသည်။ 
၎င်းတို့၏ ပူးပေါင်းကြေညာ ချက်သည် ရှမ်းဒုက္ခသည်စခန်း များ ထိုင်းနယ်စပ်တစ်လျှောက် ဆက်လက်အခြေချရပ်တည်နိုင် ရန် အရေးကြီးသည့်အချက်များ ဖြစ်သည့် ရှမ်းနေရပ်စွန့်ခွာများအ ပေါ် နိုင်ငံတကာမှစာနာမှုထောက် ပံ့ကြေးများ ပြန်လည်ရရှိရေးကို အခြေခံနေကြောင်း တွေ့ရှိရ သည်ဟုလည်း ၎င်းကယမန်နေ့ တွင် ရေးသားခဲ့သည်။ 
တပ်မတော်နှင့် ရှမ်းလက် နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲ များကြောင့် မြန်မာ-ထိုင်းနယ်စပ် ၌ ၁၉၉၆ ကတည်းက စစ်ဘေး ဒုက္ခသည်များ ရောက်ရှိခိုလှုံနေ ပြီး လက်ရှိတွင်တာချီလိတ်၊ မိုင်း ဆတ်၊ လင်းခေးခရိုင်နှင့် ထိုင်းနိုင် ငံနယ်စပ်ရှိ ရှမ်းဒုက္ခသည်စခန်း ခြောက်ခု၌ ဒုက္ခသည် ၆,၂၀၀ ခန့် နေထိုင်သည်။


7|Day

0 comments:

Post a Comment