Friday, May 31, 2019

ကံသာယာရပ်ကွက်က အဆောက်အဦး ၁၅၀ ကျော် ဖယ်ပေးရမယ်လို့ စည်ပင်စာပို့


မန္တလေးမြို့ စည်ပင်ပိုင်မြေပေါ်မှာ ကျူးကျော်ဆောက်လုပ်ထားတယ်ဆိုပြီး ချမ်းမြသာစည်မြို့နယ်၊ ကံသာယာရပ်ကွက်အတွင်းက လူနေအိမ်အပါအ၀င် အဆောက်အဦး ၁၅၀ ကျော်ကို ဇွန် ၇ ရက်နေ့နောက်ဆုံးထားဖယ်ပေးဖို့ စည်ပင်သာယာရေးကော်မတီက စာပေးပို့လိုက်ပါတယ်။ 
မေ ၂၃ ရက်နေ့က စာလက်ခံရရှိတာဖြစ်ပြီး၊ အဲဒီစာထဲမှာ မဖယ်ပေးရင် ဥပဒေအရ တရားစွဲဆိုသွားမယ်လို့ ပါရှိကြောင်း ဖယ်ရှားပေးရမယ့် ကံသာယာရပ်ကွက်အတွင်း နေထိုင်သူတွေက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

ဖယ်ပေးရမယ့်အထဲမှာ လူနေအိမ်တွေအပြင် ဓမ္မာရုံတွေ၊ ပရဟိတအသင်းအဆောက်အဦး၊ မူကြိုကျောင်း၊ အခမဲ့စာသင်ကျောင်းတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ 

အခုဖယ်ပေးရမယ့်သူတွေဟာ ဒီရပ်ကွက်အတွင်း အနည်းဆုံး လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက နေထိုင်ခဲ့ကြသူတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ 



Photo: Khaymani Win/RFA

0 comments:

Post a Comment