Wednesday, May 29, 2019

ကျောင်းဖွင့်ပြီး နှစ်ပတ်ကြာအထိ ကျောင်းမအပ်သေးသည့် ကလေးများကို အိမ်တိုင်ရာရောက် ခေါ်ယူမည်



အခြေခံပညာကျောင်းများတွင် မေလ ၂၅ ရက်က ကျောင်းအပ်စတင်လက်ခံနေပြီး ကျောင်းဖွင့်ပြီး နှစ်ပတ်ကြာအထိ ကျောင်းမအပ်သေးသည့် ကျောင်းနေအရွယ် ကလေးများကို မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းကာ အိမ်တိုင်ရာရောက်ခေါ်ယူ မည်ဟု ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါ်ခင်မာဆွေက ပြောသည်။ 


ကျောင်းနေအရွယ် ကလေး အားလုံး ကျောင်းနေရေး ရပ် ကွက်၊ ကျေးရွာအတွင်းရှိ အ သက် (၃)နှစ်မှ (၁၈)နှစ်အထက် ကျောင်းနေရမည့် ကလေးဦးရေ စာရင်းကို ကျောင်းအပ်နှံရေး သီတင်းပတ်မတိုင်မီ ကောက်ယူ ရန် အခြေခံပညာဦးစီးဌာနက ညွှန်ကြားထားသည်။ 
မေလ ၂၅ ရက်မှ ၃၁ ရက် အထိ ကျောင်းအပ်နှံရေး သီတင်း ပတ်အဖြစ် သတ်မှတ်ကာ အခြေ ခံပညာကျောင်းများတွင် ကျောင်း အပ်လက်ခံမည်ဖြစ်ပြီး အသက် အုပ်စုအလိုက် ကြိုတင်ကောက် ယူထားသော ကလေးဦးရေစာရင်း အရ ကျောင်းနေအရွယ်ကလေး တိုင်း ကျောင်းအပ်နှံမှု ရှိ၊ မရှိ စောင့်ကြည့်မည်ဖြစ်သည်။ 
ယင်းစာရင်းအရ သတ်မှတ် နယ်မြေကျောင်းများသို့ ကျောင်း ဖွင့်ချိန်အထိ ရောက်မလာသော ကလေးငယ်များ၊ ယခင်အတန်း များတွင် ကျောင်းတက်ရောက်ပြီး ယခုနှစ်တွင် ကျောင်းမတက် ရောက်နိုင်သော ကျောင်းသား၊ ကျောင်းသူများကို လိုက်လံခေါ် ယူပြီး ကျောင်းတက်ရောက်နိုင်ရန် ချိတ်ဆက် ဆောင်ရွက်မည်ဖြစ် သည်။ 
‘‘မြို့နယ် အထွေထွေအုပ် ချုပ်ရေးမှူးတွေနဲ့ ပေါင်းပြီး အဲဒီ ကလေးတွေသည် ဘာကြောင့် ပျက်ကွက်နေလဲ၊ ဘာကြောင့် မနေနိုင်တာလဲဆိုတာ လိုက်လံ ကောက်မယ်။ မိသားစုရဲ့ စားဝတ်နေရေးကို သူလုပ်နေရတယ်ဆို ရင် ကျောင်းပြင်ပပညာရေးမှာ သူတက်နိုင်သလားဆိုတာ ချိတ် ဆက်ပေးမယ်’’ဟု ဒေါ်ခင်မာဆွေ က ပြောသည်။ 
ပုံမှန် အခြေခံပညာကျောင်း မတက်ရောက်နိုင်သော ကလေး များကို ပညာရေးဝန်ကြီးဌာနကဖွင့်လှစ်ထားသည့် ကျောင်းပြင်ပ ပညာရေးအခြေစိုက်စခန်းများ၌ သင်ယူနိုင်ရန် ချိတ်ဆက်ပေးမည် ဟု ၎င်းက ဆိုသည်။ 
‘‘ရပ်ကွက်အလိုက် အပ်ရ မယ့် ကျောင်းတွေ သတ်မှတ်ထား တာရှိတယ်။ ကိုယ့်ကျောင်းကို ဒီ နှစ် အသက် (၅)နှစ်ပြည့်ပြီးတဲ့ ကလေးဘယ်နှယောက် ကျောင်း အပ်မယ်ဆိုတာ ကြိုစာရင်း ကောက်ထားရတာပေါ့။ ဒီကလေးတွေထဲက တစ်ယောက်ရောက် မလာရင် ဘာလို့လဲဆိုတာ ကျောင်းဖွင့်ပြီး တစ်ပတ်အတွင်း စုံစမ်းရမယ်’’ဟု ဗိုလ်တထောင် မြို့နယ်မှ အထက်တန်းကျောင်း အုပ်တစ်ဦးက ရှင်းပြသည်။ 
ကျောင်းနေအရွယ်ကလေး တိုင်း ကျောင်းသို့ ရောက်ရှိလာ ရေးနှင့် ကျောင်းထွက်သူပပျောက် ရေး စီမံချက်အနေဖြင့် ယင်းအစီ အစဉ် ဆောင်ရွက်ခြင်းဖြစ်ပြီး မိဘများအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ရန် ပညာရေးဝန်ကြီး ဌာနက တိုက်တွန်းထားသည်။ 
ယခု ပညာသင်နှစ်အတွက် ကျောင်းလခ၊ မိဘဆရာ အသင်း ကြေး၊ အားကစားကြေး၊ စာရေး ကိရိယာနှင့် စာကြည့်တိုက်ကြေး အပါအဝင် မည်သည့်အခကြေး ငွေမျှ မကောက်ခံဘဲ မူလတန်းအ ဆင့်အတွက် ဗလာစာအုပ် တစ် ဒါဇင်နှင့် ကျောင်းသုံးပြဋ္ဌာန်းစာ အုပ်တစ်စုံစီ၊ အလယ်တန်းအဆင့် နှင့် အထက်တန်းအဆင့်အတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်တစ်စုံ စီ ထောက်ပံ့မည်ဖြစ်သည်။ 
ပြီးခဲ့သည့် ပညာသင်နှစ်က တစ်နိုင်ငံလုံးတွင် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူ ၉ ဒသမ ၄ သန်းကျော်ရှိခဲ့သည်။

7Day

0 comments:

Post a Comment