Wednesday, May 1, 2019

မန္တလေးမြို့တွင် လျပ်စစ်ဓါတ်အား ၂၄ နာရီ ဓါတ်အားပြန်လည် ဖြန့်ဖြူးနိုင်ရေး ခန့်မှန်းလို့ မရသေး


မန္တလေးမြို့တွင် လျပ်စစ်ဓါတ်အားကော်ပိုရေးရှင်းမှ ဓါတ်အားဖြန့်ဖြူးမှုကို အလှည့်ကျစနစ်ဖြင့် ဆောင်ရွက် လျက်ရှိရာ ယခင်ကဲ့သို့ ပုံမှန် ၂၄ နာရီ ဓါတ်အားဖြန့်ဖြူးပေးနိုင်မည့် အချိန်ကာလမှာ ခန့်မှန်း၍ မရသေးဘဲ ရာသီဥတုပေါ်မူတည်ကြောင်း မန္တလေးတိုင်းလျပ်စစ်ဓါတ်အားကော်ပိုရေးရှင်းခရိုင်အင်ဂျင်နီယာက ပြောသည်။ 
ယခုနှစ် မတ် ၂၀ ရက်က စပြီး ယခင်နှစ်များထက် လျပ်စစ်ဓါတ်အားထုတ်လုပ်သည့် ဆည်/တမံ ရေ လှောင် ဧရိယာများတွင် Water Level များကျဆင်းခဲ့ရာ အချို့ဆည်များမှ စိုက်ပျိုးရေးအတွက် သုံးစွဲရန် ရေးပေးဝေ မှုများရှိသဖြင့် ဓါတ်အားထုတ်လုပ်မှု ကျဆင်းခဲ့သည်ဟု ဆိုသည်။ 
“အလှည့်ကျစနစ်နဲ ဘယ်အချိန်ထိ လုပ်နေရမယ်ဆိုတာ ခန့်မှန်းလို့ မရသေးဘူး။ မိုးရွာလို့ ရေအခြေအနေ ကောင်းတာကို စောင့်ရမှာပါ။ရေနည်းတော့ လျပ်စစ်ဓါတ်အားထုတ်လုပ်တဲ့ တမံတွေ ဆည်တွေကနေ ဓါတ်အားထုတ်လုပ်မှု လျော့သွားတယ်။ ဖြန့်ဖြူးရေးအပိုင်းကတော့ ဖြန့်ဖြူးလို့နိုင်ပေမယ့် System Break down ဖြစ်မှာစိုးလို့ ၀န်အားထိန်းညှိပြီး ဓါတ်အားပေးနေရတာ” ဟု ၄င်းက ပြောသည်။ 
မန္တလေးမြို့တွင် ဧပြီ ၂၆ ရက် ညနေ ၆ နာရီမှ စတင်ကာ အလှည့်ကျဓါတ်ပေးအစီအစဉ်ကိုစတင် ဆောင်ရွက် ခဲ့ပြီး စက်မှုဇုန်များတွင် ညနေ ၆ နာရီနောက်ပိုင်းမှ ည ၁၁ နာရီအတွင်း ဓါတ်အားပိတ်ထားမည်ဖြစ်၍ ကန့်သတ်ချိန်တွင် လုပ်ငန်းဆောင်ရွက်မှုမပြုရန်နှင့် နံနက်အချိန်များတွင် တစ်နာရီခန့်နှင့် တစ်ရက် ၂ ကြိမ် ၀န်အားလျှော့ချပြီးမှ ဓါတ်အားပြန်ပေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လျပ်စစ်ဓါတ်အား ကော်ပိုရေးရှင်းမှ အသိပေးထုတ်ပြန် ထားသည်။ 
“တစ်နိုင်ငံလုံးအတိုင်းအတာမှာ ထုတ်တာက ၃၆၀၀ ကျော်မှာ သုံးစွဲတာက ၃၈၀၀ ကျော်ဆိုတော့ မဂ္ဂါဝပ် ၂၀၀ လောက်လိုနေတယ်။ မန္တလေးမှာ မဂ္ဂါဝပ် ၄၀ ကနေ ၅၀ လောက်လျှော့ပေးနေရာမှာ တစ်နာရီ ထက်မပိုတဲ့ ၀န်အား လျှော့တဲ့နည်းနဲ့ လုပ်တယ်။ရာသီပူပြင်းချိန်မှာ မလျှော့ဘဲ စက်မှုဇုန်တွေမှာ လျှော့လိုက်တယ်” ဟု တိုင်းဒေသကြီးလျပ်စစ်၊စွမ်းအင်နှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည် အောင်ကပြောသည်။ 

ကျော်ထက်
Isee Media 
· 

0 comments:

Post a Comment