ကျောက်ကပ်အစားထိုးကုသရန်အတွက် အရေးတကြီးလိုအပ်နေသော ကျောက်ကပ်တစ်ခုအား မောင်းသူမဲ့ ဒရုန်းဖြင့် ပထမဆုံးအကြိမ် သယ်ဆောင်ပေးပို့ခြင်းကို အမေရိကန်ပြည်ထောင်စုတွင် ဆောင်ရွက်နိုင်ခဲ့ကြောင်း မေရီလင်းတက္ကသိုလ် ဆေးဖက်ဆိုင်ရာဌာနမှ သိရသည်။ ယင်းသို့ဆောင်ရွက်မှုသည် အရေးပေါ်လိုအပ်နေသော လူ့ခန္ဓာကိုယ် အစိတ်အပိုင်းများကိုသယ်ဆောင်ရာတွင် လုံခြုံစိတ်ချရပြီး မြန်ဆန်မှုလည်းရှိသော သယ်ယူပို့ဆောင်မှုဖြစ်သည်ဆို၏။
အဆင့်မြင့်နည်းပညာဖြင့် တည်ဆောက်ထားသော ဒရုန်းသည် ကျောက်ကပ်လှူဒါန်းသူထံမှ ကျောက်ကပ်ကို သယ်ဆောင်၍ ၅ ကီလိုမီတာခရီးကို ပျံသန်းလာခဲ့ကာ အစားထိုးကုသမည့်သူရှိနေရာဆီသို့ ပို့ပေးခြင်းဖြစ်သည်။ လေထဲတွင် မီတာ ၁၂၀ အမြင့်မှပျံသန်းခဲ့ကာ ၅ ကီလိုမီတာခရီးကို ၁၀မိနစ်မျှအချိန်ယူ၍ ပျံသန်းခဲ့ခြင်းလည်းဖြစ်သည်။ အဆိုပါ ဒရုန်းပျံသန်းမှုအတွက် သက်ဆိုင်ရာလေကြောင်းအာဏာပိုင်တို့က အထူးပျံသန်းခွင့်ပေးခဲ့သည်။
”နောက်ထပ်သယ်ဆောင်မယ့် ခရီးကတော့ မိုင် ၃၀ လဲဖြစ်ချင်ဖြစ်မယ်၊ မိုင် ၁၀၀ လဲဖြစ်ချင်ဖြစ်မယ်။ အကွာအဝေးက အရေးမကြီးတော့ပါဘူး”ဟု ကျောက်ကပ်အစားထိုးကုသပေးသည့် ခွဲစိပ်ဆရာဝန်အဖွဲ့ခေါင်းဆောင် ဒေါက်တာ ဂျိုးဆက်စကာလီယာက မေလ(၁)ရက်နေ့က AFP သတင်းဌာနသို့ပြောသည်။
Ref: Drone delivers first kidney at US medical centre
ပုံစာ - ကျောက်ကပ်ကိုသယ်ဆောင်လာသည့် ဒရုန်း မေရီလင်းတက္ကသိုလ် ဆေးဖက်ဆိုင်ရာဌာနသို့ ရောက်ရှိလာစဉ်(Photo: AFP/HO)
Popular News Journal
0 comments:
Post a Comment