Wednesday, May 1, 2019

အာဂျင်တီးနားတွင် ခြိုးခြံချွေတာရေး အစီအစဉ်ကို အလုပ်သမားသမဂ္ဂ ဆန္ဒပြ


အာဂျင်တီးနားအလုပ်သမားသမဂ္ဂအဖွဲ့ဟာ သမ္မတ Mauricio Macriရဲ့ ခြိုးခြံချွေတာရေးအစီအစဉ်ကို ဆန့်ကျင်တဲ့အနေနဲ့ ဧပြီ(၃၀)ရက်က Buenos Aires မြို့လယ်ခေါင်မှာ လမ်းနဲ့ယာဉ်အသွားအလာတွေကိုပိတ်ဆို့ပြီး (၂၄)နာရီကြာ ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ 
ဒီဆန္ဒပြမှုကြောင့် အစိုးရရုံးတွေ၊ စာသင်ကျောင်းတွေ၊ ဘဏ်တွေနဲ့ လေဆိပ်တွေမှာ လုပ်ငန်းတွေ တစ်ဝက်တစ်ပျက်နဲ့ရပ်ဆိုင်းခဲ့ရပါတယ်။ အခုလို Macri ရဲ့တင်းကျပ်တဲ့မူဝါဒတွေဟာ အောက်တိုဘာမှာ ပြန်လည်ရွေးကောက်ခံမယ့်သူ့အတွက် မရေရာမှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ 
သမ္မတ Macri ဟာ စီးပွားရေးခေါင်းဆောင်တွေနဲ့ရင်းနှီးမြှုပ်နှံသူတွေအကြား ပြည်သူတွေအကြိုက်ဆုံးအဖြစ် (၂၀၁၅)ခုနှစ်မှာ သမ္မတဖြစ်လာခဲ့တာပါ။ 
လက်ရှိစစ်တမ်းကောက်ယူချက်အရတော့ အခွန်တိုးမြှင့်ကောက်ခံမှုတွေ၊အများပြည်သူ ရေ၊လျှပ်စစ်၊ဓာတ်အားစတဲ့ ၀န်ဆောင်မှု လုပ်ငန်းများအပေါ်ထောက်ပံ့မှုတွေရပ်ဆိုင်းလိုက်တဲ့အတွက် သူ့အပေါ်ပြည်သူထောက်ခံမှုလျော့နည်း လာတယ်လို့ ဆိုပါတယ်။ 
စီးပွားရေးမှာ အစိုးရရဲ့အခန်းကဏ္ဍကို တိုးမြှင့်ပေးခဲ့တဲ့ အရင်သမ္မတ Cristina Fernandez က လက်ရှိမှာပြည်သူ ထောက်ခံမှုရရှိနေပြီး၊ အောက်တိုဘာလ သမ္မတရွေးကောက်ပွဲမှာ ပြန်လည်ရွေးကောက်ခံနိုင်ဖွယ်ရှိတယ်လို့ သိရကြောင်း ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။
  


ဘာသာပြန် - ခိုင်စန္ဒာကျော်
One News Myanmar 

0 comments:

Post a Comment