ခုနစ်လအရွယ်ကလေး ငယ်အပါအဝင် လူလေးဦးသေ ဆုံးခဲ့ပြီး ကျပ်သိန်း ၁,၅၀၀ ကျော် ဖိုးနှင့် ရွှေထည်ပစ္စည်းများပျောက် ဆုံးခဲ့သည့် တောင်ကြီးမြို့ လူ သတ်မှုမှ အဓိကကြိုးကိုင်သူကို နှစ်ရက်အတွင်း ဖမ်းဆီးရမိသည် ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယမန် နေ့ညနေတွင် ထုတ်ပြန်ကြေညာ သည်။
‘‘ဆက်စပ်တဲ့တရားခံတွေ ကြိုးစားဖော်ထုတ်နေပါတယ်’’ ဟု တောင်ကြီးခရိုင်ရဲတပ်ဖွဲ့ ဒုရဲ မှူးကြီး ခင်မောင်ဦးက ပြော သည်။
ရှမ်းပြည်နယ် တောင်ကြီးမြို့ ကန်သာယာရပ်ကွက်ရှိ မြင်းဖြူ နှစ်ကောင် တိုင်းရင်းဆေးတိုက် တွင် ဧပြီ ၂၈ ရက်က ဖြစ်ပွား ခြင်းဖြစ်ပြီး ဆေးတိုက်ပိုင်ရှင်၏ မွေးစားသမီး၊ ခင်ပွန်း၊ မြေးနှင့် အိမ်အကူတစ်ဦး သေဆုံးခြင်းဖြစ် သည်။
ယင်းနှင့်ပတ်သက်၍ စုံစမ်း ဖော်ထုတ်ရာ နောက်တစ်ရက် နံနက် ၇ နာရီတွင် အသက် (၆၀) အရွယ် တင်အုန်း(ခ) အိုက်အုံးကို ကျောက်မဲမြို့နယ် အထက်မြင်း ကွင်းကျေးရွာရှိ ၎င်း ၏နေအိမ်၌ ဖမ်းဆီးရမိပြီး အစစ်ခံဖော်ထုတ် ချက်အရ အမှုမှသက်သေခံ ရွှေ ထည်ပစ္စည်းမျိုးစုံ တစ်ပိဿာခန့် နှင့် ငွေခုနစ်သိန်းနှစ်သောင်းကျပ် ကို သိမ်းဆည်းရမိကြောင်း ရဲတပ် ဖွဲ့က ကြေညာသည်။
ကနဦးစစ်ကြောချက်အရ တင်အုန်း (ခ) အိုက်အုံးသည် မူး ယစ်ဆေးဝါးစွဲနေသူတစ်ဦးဖြစ်ပြီး မြင်းဖြူနှစ်ကောင် တိုင်းရင်းဆေး တိုက်ပိုင်ရှင်နှင့် မောင်နှမဝမ်းကွဲ တော်စပ်သူဖြစ်ကြောင်း၊ ဆေး တိုက်ပိုင်ရှင်တွင် မွေးစားသားသ မီးနှစ်ဦးရှိပြီး တစ်ဦးသည် တင် အုန်း (ခ) အိုက်အုံး၏ သားဖြစ်၍ အခြားတစ်ဦးသည် အသတ်ခံရ သည့် မနန်းခမ်းလှိုင်ဖြစ်ကြောင်း၊ သားဖြစ်သူ အမွေရနည်းမည်စိုး ခြင်း၊ တင်အုန်း၌ ငွေကြေးလိုအပ် ချက်ရှိနေခြင်းကြောင့် ကျူးလွန်ခဲ့ ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်း၌ပါ ဝင်သည်။
ကျန်တရားခံများ ဆက်လက် ဖမ်းဆီးရမိရေး၊ ကျန်ရှိသက်သေ ခံပစ္စည်းများ ထပ်မံသိမ်းဆည်းရရှိ ရေးဆောင်ရွက်နေပြီး တောင်ကြီး မြို့မ ရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၉၄ ဖြင့် အမှုဖွင့်ထား သည်။
7Day
0 comments:
Post a Comment