မန္တလေးပညာရေးကောလိပ်တွင် အဝေးသင်စာမေးပွဲအတွက် ခွင့်အလုံအလောက်ရရှိရေး ဗီနိုင်းစများ ချိတ်ဆွဲတောင်းဆို
Wednesday, September 18, 2019
မန္တလေးပညာရေးကောလိပ်တွင် အဝေးသင်စာမေးပွဲအတွက် ခွင့်အလုံအလောက်ရရှိရေးကို မန္တလေးပညာရေးကောလိပ်ကျောင်းသားများ သမဂ္ဂက ဦးဆောင်၍ ယနေ့ စက်တင်ဘာလ ၁၈ ရက်နေ့ နေ့လည်ပိုင်းတွင် ဗီနိုင်းစများ ချိတ်ဆွဲတောင်းဆိုနေကြောင်း သိရှိရသည်။
အဆိုပါ လှုပ်ရှားမှုများ ပြုလုပ်ရာတွင် “ပညာဆက်လက်သင်ကြားခွင့်ရရှိရေး ဒို့အရေး ဒို့အရေး၊ အဝေးသင် ခွင့်အလုံအလောက်ရရှိရေး ဒို့အရေး ဒို့အရေး” စသည့် ရေးသားထားသည့်စာများကို မန္တလေး ပညာရေးကောလိပ်တွင် ဗီနိုင်းစများ ချိတ်ဆွဲတောင်းဆိုလျက်ရှိကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာန အနေဖြင့် အဝေးသင်တက်နေရသည့် အခြေခံပညာသင်ကြားပေးနေသော ကျောင်းသား ကျောင်းသူများအတွက် ခွင့် (၁၇) ရက်သာ ပေးသည့်အတွက် စာကျက်ချိန် လုံလောက်မှုမရှိသည့် အခက်အခဲများရှိကြောင်း သိရသည် ။
``ကျွန်တော်တို့ အဝေးသင်တက်တဲ့အခါမှာ ပညာရေးကောလိပ်ဆင်း ဆရာ ဆရာမတွေအနေနဲ့ ခွင့်ရက်လုံလုံလောက်လောက်ရဖို့ လိုတယ်။ ဝန်ကြီးဌာနက ပေးတဲ့ ခွင့်ရက်နဲ့က မလောက်ဘူး။ အခက်အခဲဖြစ်တယ်။´´ ဟု ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများ ကိုယ်စားပြုကော်မတီ ပြန်ကြားရေးတာဝန်ခံ ကိုညီညီဇင်ကပြောသည်။
စက်တင်ဘာလ ၁၆ ရက်နေ့တွင် ရန်ကင်းပညာရေးကောလိပ်နှင့် စက်တင်ဘာလ ၁၇ရက်နေ့တွင် မုံရွာပညာရေးကောလိပ်ကျောင်းသားများ သမဂ္ဂမှ ဦးဆောင်၍ စတေကာ ကမ်းပိန်းများဖြင့် အသံတိတ်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရှိရသည်။
#Myanmar_Online_News #မန္တလေးပညာရေးကောလိပ် #အဝေးသင်စာမေးပွဲ #ဗီနိုင်းစများ
0 comments:
Post a Comment