Wednesday, September 18, 2019


Image may contain: text


<Unicode>

စစ်တွေ- အမ်း ကားလမ်းအတိုင်း မောင်းနှင်လာသော ကုန်တင်ယာဉ်အား သောင်းကျန်းသူ(စိစစ်ဆဲ) အဖွဲ့မှ ဆက်ကြေးကောက်
Wednesday, September 18, 2019

ရခိုင်ပြည်နယ်၊ စစ်တွေ-အမ်းကားလမ်းအတိုင်း အမ်းမြို့နယ်၊ ကဇူးကိုင်းကျေးရွာဘက်မှ အမ်းမြို့ဘက်သို့ယာဉ်မောင်း ရဲဝင်းအောင်(ဘ)ဦးမောင်ဝင်း မောင်းနှင်ပြီး ၄င်း၏ညီဖြစ်သူ မောင်ဝေလင်းထက်လိုက်ပါလာသည့် ကုန်တင်ယာဉ် 4L/--— မော်တော်ယာဉ်အား စက်တင်ဘာ ၁၆ ရက် နံနက် ၈ နာရီခန့်တွင် ကမ်းထောင်းကြီးလမ်းခွဲသို့ အရောက်၌ တုတ်၊ ဓား၊ သေနတ်ကိုင်ဆောင်၍ သောင်းကျန်းသူ(စိစစ်ဆဲ)အဖွဲ့မှ အရပ်ဝတ် ဝတ်ဆင်ထားသူ ၁၅ ဦးခန့်က ကားကိုရပ်ခိုင်းပြီး ရှောက်ခြုံတောင်လမ်းခွဲသို့ ခေါ်ဆောင်သွားကာ ၄င်းတို့ထံမှ ငွေကျပ်လေးသိန်းကျော်နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို အတင်းအဓမ္မယူဆောင်၍ ပြန်လွှတ်ပေးခဲ့ပြီး ကမ်းထောင်းကြီးကျေးရွာဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်းတပ်မတော်မှ သတင်းထုတ်ပြန်ထားကြောင်း သိရှိရသည်။
အဆိုပါ နေရာများအား တပ်မတော်စစ်ကြောင်းများက နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
#Myanmar_Online_News

0 comments:

Post a Comment