
ရုပ်ချောရုံတင်မကဘူး ငယ်ငယ်တည်းက အသံပါရမီပါပြည့်စုံခဲ့တဲ့ ခင်ပိုးပန်းချီဟာ ဓမ္မတေးတွေကို အသံချိုချိုလေးတွေသီဆိုခဲ့ရာကနေ ပြည်သူအများလက်ခံလာတဲ့ အဆိုရှင်တစ်ယောက်ဖြစ်ခဲ့ပါတယ်။
ငယ်စဉ်တည်းက ဂီတမှာ ထူးချွန်ခဲ့ပြီး ပြီးခဲ့တဲ့ သင်္ကြန်တုန်းကလည်း မြန်မာ-ထိုင်းသံအမတ်ကြီး အိမ်မှာ ဖျော်ဖြေဖို့ ဖိတ်ကြားခံခဲ့ရသူလည်းဖြစ်ပါတယ်။ ပရိသတ်တွေ သဘောကျခဲ့တဲ့ "လိပ်ပြာစံအိမ်" ဇာတ်လမ်းတွဲမှ သီချင်းကိုလည်း သူမသီဆိုခဲ့တယ်လို့ သိရပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲကျဆုံးခဲ့ပေမယ့် ပြန်လည်ကြိုးစားနေသူလည်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဘူချွန်းမြို့၊ ဆော့ဂွမ်ဆာကျောင်းတိုက်မှာ ကျင်းပမည့် မြန်မာနိုင်ငံကနေ ပင့်ဆောင်ပူဇော်ထားသည့် တိလောကမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအာ (၂၁) ကြိမ်မြောက် ပူဇော်သည့် ဗုဒ္ဓပူဇနိယပွဲတော်ကြီးအတွက် ဖိတ်ကြားခြင်းခံခဲ့ရသည့်အတွက် မနေ့က ၁၁ နာရီလေယာဉ်နဲ့ ကိုရီးယားနိုင်ငံသို့ ထက်ခွာသွားပြီပဲဖြစ်ပါတယ်။ အသက်ငယ်ငယ်လေးနဲ့ နိုင်ငံရပ်ခြားအထိ အောင်မြင်နေတဲ့သူမအတွက် မြန်မာလူမျိုးတိုင်းက ဂုဏ်ယူနေကြမှာပဲဖြစ်ပါတယ်။









0 comments:
Post a Comment