Thursday, September 12, 2019

ပဲခူးမြစ်ရေပဲခူးမြို့၏စိုးရိမ်အမှတ်ကျော်လွန်လာသဖြင့် ကားလမ်းရေကျော် ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားရှိ

Image may contain: outdoor
ပဲခူးမြစ်ရေ ပဲခူးမြို့၏စိုးရိမ်အမှတ်မှာ(၈၈၀)စင်တီမီတာဖြစ်ပြီး စက်တင်ဘာလ(၁၃)ရက်နေ့ နံနက်(၆:၃၀)နာရီအချိန်တိုင်းထွာချက်အရ (၉၁၅)စင်တီမီတာသို့ရောက်ရှိနေပြီဖြစ်သည်။ 

ပဲခူးမြစ်ရေစိုးရိမ်အမှတ်ကျော်လွန်ရောက်ရှိလာခြင်းကြောင့် ကျွန်းသာယာရပ်ကွက် ထူးဆီဆိုင်ရှေ့ ရန်ကုန်-မန္တလေးကားလမ်းမကြီးနှင့်မဇင်းရပ်ကွက် ရွှေသာလျောင်းဘုရားလမ်း၊မဇင်း(၁)လမ်းထိပ်တို့တွင် ရေကျော်လျှက်ရှိပြီး ယာဉ်အန္တရာယ်နှင့်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များနှင့် အုပ်ချူပ်ရေးအဖွဲ့များပူးပေါင်းပြီး ရှင်းလင်းဆောင်ရွက်ပေးခြင်းများပြုလုပ်လျှက်ရှိသည်။ရေကြီးနစ်မြှုပ်ရပ်ကွက်များရှိ ရေဘေးရှောင်ပြည်သူများ ယာယီနေထိုင်နိုင်ရန်အတွက် ဇိုင်းဂနိုင်တောင်ပိုင်းရပ်ကွက်တွင် ကယ်ဆယ်ရေးစခန်း(၃)ခု၊ ကျွန်းသာယာရက်ကွက်တွင် ကယ်ဆယ်ရေးစခန်း(၆)ခု၊ ကလျာဏီရပ်ကွက်တွင်(၂)ခု၊ ရွာသစ်ရပ်ကွက်တွင်(၁)ခု၊ မဇင်းရပ်ကွက်တွင်(၄)ခု၊ ကျောက်ကြီးစုရပ်ကွက်တွင်(၃)ခု၊ မြို့သစ်ရပ်ကွက်တွင်(၃)ခု၊ ဘုရားကြီးမြို့တင် (၁)ခု စုစုပေါင်း(၂၃)စခန်းဖွင့်လှစ်ထားရှိပြီး ရေဘေးရှောင်ပြည်သူမျာအတွက် ဆက်သွယ်လှူ ဒါန်းနိုင်ရန် ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ ဗုဒ္ဓအသံဓမ္မဗိမာန်တွင် ပဲခူးတိုင်းဒေသကြီးရေဘေးကယ်ဆယ်ရေးစီမံခန့်ခွဲမှုကော်မတီဗဟိဌာနအဖြစ်ဖွင့်လှစ်ထားရှိသည်။ ပဲခူးမြို့နယ်အတွင်းရှိ ရေဘေးရှောင်စခန်း(၂၃)စခန်း၌ အိမ်ထောင်စု(၂၈၃၇)စု၊ လူဦးရ (၁၃၈၃၅) ဦး စက်တင်ဘာလ(၁၂)နေ့စာရင်းအရ ယာယီခိုလှုံနေထိုင်လျှက်ရှိကြောင်း ၎င်းတို့၏ကျန်းမာရေး၊ နေထိုင်စားသောက်ရေး၊ သန့်ရှင်းရေးကိစ္စများအတွက်လည်း သက်ဆိုင်ရာဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲရေးကော်မတီများနှင့်ပေါင်းစပ်ညှိနိုင်းဆောင်ရွက်လျှက်ရှိကြောင်း ပဲခူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန့်ဇော်ဦးမှ ပြောကြားကြောင်းသိရသည်။
Image may contain: 1 person, standing and outdoor
Image may contain: house and outdoor
Image may contain: one or more people and outdoor

0 comments:

Post a Comment