
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ နမ့္ဆန္ၿမိဳ႕၏ အေနာက္ေျမာက္ဘက္ မီတာ ၄၀ဝ၀ ခန္႔ အကြာရွိ TNLA အၾကမ္းဖက္ေသာင္းက်န္းသူမ်ား ယာယီအေျချပဳထားသည့္ ေတာင္႐ိုးဘုရားကုန္းအား စက္တင္ဘာလ ၁၇ ရက္တြင္ တပ္မေတာ္မွ ေအာင္ျမင္စြာ သိမ္းပိုက္ရရွိခဲ့သည္။
ျဖစ္စဥ္တြင္ အၾကမ္းဖက္ေသာင္းက်န္းသူမ်ားထံမွ ဆိုင္ကယ္ ၅ စီး၊ သာႆနိက အေဆာက္အဦ မ်ားအား အကာအကြယ္ယူျပဳလုပ္ထားသည့္ ပစ္က်င္း ၄၅ က်င္း၊ ဘန္ကာ ၅ လံုး သိမ္းပိုက္ရရွိခဲ့ၿပီး မိမိဘက္မွ စစ္သည္အခ်ိဳ႕ ႏိုင္ငံေတာ္အတြက္ အသက္ေပးလွဴခဲ့ရၿပီး အရာရွိ/စစ္သည္အခ်ိဳ႕ ထိခိုက္ဒဏ္ရာရရွိခဲ့သည္။
တပ္မေတာ္စစ္ေၾကာင္းမ်ားအေနျဖင့္ အဆိုပါေဒသ နယ္ေျမေအးခ်မ္းေရးႏွင့္ တရားဥပေဒစိုးမိုးေရး အတြက္ လိုအပ္သည့္ လံုၿခံဳေရးလုပ္ငန္းမ်ား ဆက္လက္ေဆာင္ရြက္လ်က္ရွိိေၾကာင္း သတင္းရရွိသည္။





#တပ္မေတာ္
<Unicode>
<Unicode>
TNLA အကြမ်းဖက် သောင်းကျန်းသူများ ယာယီအခြေပြုထားသည့် နမ့်ဆန်မြို့အနီး တောင်ရိုး ဘုရားကုန်းအား အောင်မြင်စွာသိမ်းပိုက်ရရှိ ကြောင်း တပ်မတော် သတင်းထုတ်ပြန်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့၏ အနောက်မြောက်ဘက် မီတာ ၄၀ဝဝ ခန့် အကွာရှိ TNLA အကြမ်းဖက်သောင်းကျန်းသူများ ယာယီအခြေပြုထားသည့် တောင်ရိုးဘုရားကုန်းအား စက်တင်ဘာလ ၁၇ ရက်တွင် တပ်မတော်မှ အောင်မြင်စွာ သိမ်းပိုက်ရရှိခဲ့သည်။
ဖြစ်စဉ်မှာ TNLA အကြမ်းဖက်သောင်းကျန်းသူများသည် တပ်မတော်မှ တစ်ဖက်သတ် အပစ်ခတ် ရပ်စဲသည့်ကာလအား အခွင့်ကောင်းယူ၍ အစိုးရအဖွဲ့ဌာနဆိုင်ရာများ ရုံးစိုက်ရာမြို့တစ်မြို့ဖြစ်သည့် နမ့်ဆန်မြို့အား စိုးမိုးထားသည့် တောင်ရိုးဘုရားကုန်းရှိ သာဿနိကအဆောက်အဦများကို အကာ အကွယ်ရယူပြီး နယ်မြေအသာစီးရယူကာ အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်နေသောကြောင့် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းများနှင့် စက်တင်ဘာလ ၁၃ ရက်မှ စက်တင်ဘာလ ၁၆ ရက်အထိ ထိတွေ့တိုက်ပွဲ ၆ ကြိမ် ဖြစ်ပွားခဲ့ပြီး ၎င်းနေရာ တစ်ဝိုက်အား ရင်ဆိုင်ထိန်းချုပ်ထားနိုင်ခဲ့ရာ စက်တင်ဘာလ ၁၇ ရက်တွင် တပ်မတော်စစ်ကြောင်းများက ပစ်ကူပစ်အားရယူပြီး ရွတ်ရွတ်ချွံချွံ တိုက်ခိုက်မှုကြောင့် နံနက် ၆ နာရီ ၅၀ မိနစ်ခန့်တွင် သောင်းကျန်းသူများ ယာယီအခြေပြုထားသည့် တောင်ရိုးဘုရားကုန်းအား အောင်မြင်စွာ သိမ်းပိုက် ရရှိခဲ့သည်။
ဖြစ်စဉ်တွင် အကြမ်းဖက်သောင်းကျန်းသူများထံမှ ဆိုင်ကယ် ၅ စီး၊ သာဿနိက အဆောက်အဦ များအား အကာအကွယ်ယူပြုလုပ်ထားသည့် ပစ်ကျင်း ၄၅ ကျင်း၊ ဘန်ကာ ၅ လုံး သိမ်းပိုက်ရရှိခဲ့ပြီး မိမိဘက်မှ စစ်သည်အချို့ နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့ရပြီး အရာရှိ/စစ်သည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါဒေသ နယ်မြေအေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် လိုအပ်သည့် လုံခြံုရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိိကြောင်း သတင်းရရှိ သည်။






0 comments:
Post a Comment