ဗစ်တိုးရီးယားလေး၏ ဒုတိယအကြိမ်မြောက်ရုံးချိန်းအပြီးတွင် ဒေါ်စုဒါလီအောင်မှ BBC သတင်းဌာနအား အင်တာဗျူးဖြေဆိုရာတွင် ကိုကိုညီညီ ဟု သုံးနှုန်းခဲ့ခြင်းကြောင့် တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်ကို Wisdom Hill ကျောင်းမှ ကျောင်းကြီးကြပ်ရေးမှူးဖြစ်သူ ဒေါ်ဥမ္မာလှိုင်မှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေပုဒ်မ ၁၀၁ ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး အဆိုပါ အမှု မှ ယနေ့ တွင် နေပြည်တော် အခြေစိုက် BBC သတင်းထောက်ဖြစ်သူ ကိုအောင်သူရနှင့် လိုပြ သက်သေ ၂ ဦးဖြစ်သည့် ကျေးရွာမှ ရာအိမ်မှူး ၂ ဦးတို့ ကို နှစ်ဖက်ရှေ့နေများမှ ပြန်အလှန်စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
“သတင်းထောက်ကလည်း သူ့လုပ်ဆောင်ချက်ပဲ သူထွက်ဆိုထားတာပေါ့။ BBC သတင်းဌာန က ထုတ်လွင့်တာက သူတို့ ဌာန အကြီးအကဲတွေကို ဌာနရဲ့ အရင်းအမြစ်တွေကို တင်ပြတဲ့ အခါမှာ သူတို့ဌာန ကနေပြီးတော့ မီဒီယာကျင့်ဝတ် သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ မညီတဲ့ အင်တာဗျူးတွေဆို တစ်ဖိုင်လုံး လုံး၀ မတင်တဲ့ အနေအထားတွေလည်းရှိတယ်ပေါ့နော်။ ကျွန်မနဲ့ အင်တာဗျူးကို တင်ခဲ့တာက သူတို့ သတင်းမီဒီယာမှာ ပြဌာန်းထားတဲ့ စည်းမျဥ်းစည်းကမ်းတွေနဲ့ ညီတဲ့ ပြဌာန်းချက်ကြောင့်သာ ဒီလိုမျိုး ဗွီဒီယိုဖိုင်ကို တင်ခဲ့ခြင်းဖြစ်တယ်ဆိုတာ ထွက်ဆိုသွားတယ်”ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်ကပြောကြားခဲ့ကြောင်း သိရှိရသည်။
ယမန်နေ့က စစ်ဆေးမေးမြန်းမှုသည် အားရကျေနပ်မှုရှိပြီး ဒေါ်ဥမ္မာလှိုင်တရားစွဲဆိုထားသည့် ၎င်း၏ သားနှစ်ယောက်သည် ကိုကိုညီညီ မဟုတ်ကြောင်း သက်သေများမှ ထွက်ဆိုခဲ့သည်ဟု ဒေါ်စုဒါလီအောင်ကပြောကြားခဲ့ပြီး ၎င်း အမှုနှင့် ပတ်သက်ပြီး လာမည့် ရုံးချိန်းကိုတော့ နိုဝင်ဘာလ ၁၈ ရက်နေ့ တွင် လုပ်ဆောင်သွားမည်ဖြစ်ပြိး ယင်းနေ့ တွင် ထပ်မံ၍ လိုပြ သက်သေ ၂ ဦးကို စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
<<zawgyi>>
ဒေါ်စုဒါလီအောင်အားတရားစွဲဆိုထားသည့် အမှု BBC သတင်းထောက်နှင့် လိုပြ သက်သေ ၂ ဦး စစ်ဆေး
Tuesday , November 5,2019
ဗစ်တိုးရီးယားလေး၏ ဒုတိယအကြိမ်မြောက်ရုံးချိန်းအပြီးတွင် ဒေါ်စုဒါလီအောင်မှ BBC သတင်းဌာနအား အင်တာဗျူးဖြေဆိုရာတွင် ကိုကိုညီညီ ဟု သုံးနှုန်းခဲ့ခြင်းကြောင့် တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်ကို Wisdom Hill ကျောင်းမှ ကျောင်းကြီးကြပ်ရေးမှူးဖြစ်သူ ဒေါ်ဥမ္မာလှိုင်မှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေပုဒ်မ ၁၀၁ ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး အဆိုပါ အမှု မှ ယနေ့ တွင် နေပြည်တော် အခြေစိုက် BBC သတင်းထောက်ဖြစ်သူ ကိုအောင်သူရနှင့် လိုပြ သက်သေ ၂ ဦးဖြစ်သည့် ကျေးရွာမှ ရာအိမ်မှူး ၂ ဦးတို့ ကို နှစ်ဖက်ရှေ့နေများမှ ပြန်အလှန်စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
“သတင်းထောက်ကလည်း သူ့လုပ်ဆောင်ချက်ပဲ သူထွက်ဆိုထားတာပေါ့။ BBC သတင်းဌာန က ထုတ်လွင့်တာက သူတို့ ဌာန အကြီးအကဲတွေကို ဌာနရဲ့ အရင်းအမြစ်တွေကို တင်ပြတဲ့ အခါမှာ သူတို့ဌာန ကနေပြီးတော့ မီဒီယာကျင့်ဝတ် သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ မညီတဲ့ အင်တာဗျူးတွေဆို တစ်ဖိုင်လုံး လုံးဝ မတင်တဲ့ အနေအထားတွေလည်းရှိတယ်ပေါ့နော်။ ကျွန်မနဲ့ အင်တာဗျူးကို တင်ခဲ့တာက သူတို့ သတင်းမီဒီယာမှာ ပြဌာန်းထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ညီတဲ့ ပြဌာန်းချက်ကြောင့်သာ ဒီလိုမျိုး ဗွီဒီယိုဖိုင်ကို တင်ခဲ့ခြင်းဖြစ်တယ်ဆိုတာ ထွက်ဆိုသွားတယ်”ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်ကပြောကြားခဲ့ကြောင်း သိရှိရသည်။
ယမန်နေ့က စစ်ဆေးမေးမြန်းမှုသည် အားရကျေနပ်မှုရှိပြီး ဒေါ်ဥမ္မာလှိုင်တရားစွဲဆိုထားသည့် ၎င်း၏ သားနှစ်ယောက်သည် ကိုကိုညီညီ မဟုတ်ကြောင်း သက်သေများမှ ထွက်ဆိုခဲ့သည်ဟု ဒေါ်စုဒါလီအောင်ကပြောကြားခဲ့ပြီး ၎င်း အမှုနှင့် ပတ်သက်ပြီး လာမည့် ရုံးချိန်းကိုတော့ နိုဝင်ဘာလ ၁၈ ရက်နေ့ တွင် လုပ်ဆောင်သွားမည်ဖြစ်ပြိး ယင်းနေ့ တွင် ထပ်မံ၍ လိုပြ သက်သေ ၂ ဦးကို စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
#Myanmar_Online_News #ဗစ္တိုးရီးယား #လိုပြသက်သေ
0 comments:
Post a Comment