Monday, November 4, 2019

ဗိုလ်ချုပ် အောင်ဆန်း ရုပ်ပုံဖြင့် တန်ဖိုးကြီး ငွေစက္ကူများကို ဒီဇင်ဘာလတွင် ထုတ်ဝေမည်

Image may contain: 1 person, closeup

လက်ရှိ ထုတ်ဝေထားပြီး ဖြစ်သော ငွေစက္ကူများထဲမှ တန်ဖိုးကြီး ငွေစက္ကူတချို့ကို ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံများဖြင့် ဒီဇင်ဘာ လတွင် စတင်ပြောင်းလဲ ထုတ်ဝေသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သိရှိရသည်။

ဗိုလ်ချုပ်ရုပ်ပုံပါ ငွေစက္ကူသည် လက်ရှိအချိန်တွင် အမြင့်ဆုံး တန်ဖိုးရှိသော ကျပ် ငါးထောင်တန် နှင့် ကျပ် တစ်သောင်း တန် ထဲမှ ငွေစက္ကူတခုခု ဖြစ်လာနိုင်ခြေရှိကြောင်း ယင်းသို့ ဗိုလ်ချုပ်ရုပ်ပုံပါ ငွေစက္ကူအသစ်များ ထုတ်လုပ်ခြင်းသည် ပြည်တွင်း ငွေကြေးဖောင်းပွနှုန်း အပေါ် သက်ရောက်မှု အများအပြားမရှိနိုင်ကြောင်း ငွေရေးကြေးရေး နှင့် စီးပွားရေးပညာရှင်များက သုံးသပ်လျက်ရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါ ငွေစက္ကူများကို တစ်ကျပ်တန်၊ ငါးကျပ်တန်၊ ၁ဝ တန်၊ ၂၅ ကျပ်တန်၊ ၃၅ ကျပ်တန်၊ ၇၅ ကျပ်တန်၊ ၁၀၀ တန် နှင့် အကြွေစေ့များကို ရိုက်နှိပ် ထုတ်ဝေခဲ့ဖူးပြီး ဗိုလ်ချုပ်အောင်ဆန်းပုံပါသော ငွေစက္ကူကို ရိုက်နှိပ်ပေးရန် အစိုးရသို့ တိုက်တွန်းသော အဆိုကို ပြည်သူ့လွှတ်တော်က ၂၀၁၇ ခုနှစ်အတွင်း အတည်ပြုထားခဲ့ကြောင်း သိရှိရသည်။
<<zawgyi>>
ဗိုလ်ချုပ် အောင်ဆန်း ရုပ်ပုံဖြင့် တန်ဖိုးကြီး ငွေစက္ကူများကို ဒီဇင်ဘာလတွင် ထုတ်ဝေမည်
Tuesday , November 5,2019

လက်ရှိ ထုတ်ဝေထားပြီး ဖြစ်သော ငွေစက္ကူများထဲမှ တန်ဖိုးကြီး ငွေစက္ကူတချို့ကို ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံများဖြင့် ဒီဇင်ဘာ လတွင် စတင်ပြောင်းလဲ ထုတ်ဝေသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သိရှိရသည်။
ဗိုလ်ချုပ်ရုပ်ပုံပါ ငွေစက္ကူသည် လက်ရှိအချိန်တွင် အမြင့်ဆုံး တန်ဖိုးရှိသော ကျပ် ငါးထောင်တန် နှင့် ကျပ် တစ်သောင်း တန် ထဲမှ ငွေစက္ကူတခုခု ဖြစ်လာနိုင်ခြေရှိကြောင်း ယင်းသို့ ဗိုလ်ချုပ်ရုပ်ပုံပါ ငွေစက္ကူအသစ်များ ထုတ်လုပ်ခြင်းသည် ပြည်တွင်း ငွေကြေးဖောင်းပွနှုန်း အပေါ် သက်ရောက်မှု အများအပြားမရှိနိုင်ကြောင်း ငွေရေးကြေးရေး နှင့် စီးပွားရေးပညာရှင်များက သုံးသပ်လျက်ရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါ ငွေစက္ကူများကို တစ်ကျပ်တန်၊ ငါးကျပ်တန်၊ ၁ဝ တန်၊ ၂၅ ကျပ်တန်၊ ၃၅ ကျပ်တန်၊ ၇၅ ကျပ်တန်၊ ၁၀၀ တန် နှင့် အကြွေစေ့များကို ရိုက်နှိပ် ထုတ်ဝေခဲ့ဖူးပြီး ဗိုလ်ချုပ်အောင်ဆန်းပုံပါသော ငွေစက္ကူကို ရိုက်နှိပ်ပေးရန် အစိုးရသို့ တိုက်တွန်းသော အဆိုကို ပြည်သူ့လွှတ်တော်က ၂၀၁၇ ခုနှစ်အတွင်း အတည်ပြုထားခဲ့ကြောင်း သိရှိရသည်။

0 comments:

Post a Comment