တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မည့် လယ်ယာစီးပွားရေးဝန်ဆောင်မှုစင်တာများကို ရခိုင်၊တွံတေး၊ကျိုက်လတ်၊မန္တလေးတို့တွင် တည်ထောင်သွားရန်ရှိကြောင်း သိရသည်။
ထိုသို့တည်ထောင်နိုင်ရေးအတွက် တရုတ်နိုင်ငံနှင့် သဘောတူစာချုပ် ချုပ်ဆိုပြီးဖြစ်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF)၊ မြန်မာနိုင်ငံလယ်ယာ စီးပွားရေးအများပိုင်ကုမ္ပဏီလီမိတက် (MAPCO) နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းစု ဖြစ်သည့် CITIC Construction Group တို့ပူးပေါင်းဆောင်ရွက်မည့် အထက်ပါစီမံကိန်းကို ပထမအဆင့်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တို့တွင် လယ်ယာစီးပွားရေးဝန်ဆောင်မှုစင်တာ (Agribusiness Service Center-ASC) စီမံကိန်း(၄)ခုအား အကောင်အထည်ဖော်မည်ဖြစ်ကာ ရခိုင်ပြည်နယ် ကျောက်တော်၊တွံတေး၊ကျိုက်လတ်၊မန္တလေး မတ္တရာ တို့တွင် တည်ထောင်မည်ဟု သိရသည်။
ယင်းစီမံကိန်းများ ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၇ ခုနှစ် ဇူလိုင်လက MoU ရေးထိုးခြင်း၊ စီမံကိန်း(၃၃) နေရာအား တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် ညှိနှိုင်းရွေးချယ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လယ်ယာစီးပွားရေးဝန်ဆောင်မှုစင်တာ စီမံကိန်းတွင် စီမံကိန်းဧရိယာရှိ တောင်သူလယ်သမား များနှင့် အကျိုးတူကန်ထရိုက်လယ်ယာများ (Contract Farming) ဆောင်ရွက်ခြင်း၊ မျိုးကောင်းမျိုးသန့်၊ မျိုးစေ့ များစိုက်ပျိုးထုတ်လုပ်ဖြန့်ဖြူးခြင်း၊ စံချိန်စံညွှန်းမီ ဓါတ်မြေသြဇာများ၊ Agro Chemical များ ကိုဖြန့်ဖြူးပေးခြင်း၊ Dryer များဖြင့် စနစ်တကျ အခြောက်ခံခြင်း၊ သိုလှောင်ခြင်း၊ ကြိတ်ခွဲခြင်းစသည့် လယ်ယာကဏ္ဍ လုပ်ငန်း အစီအစဉ်များကို ပါဝင်မည်ဟု သိရသည်။
(Zawgyi)
တ႐ုတ္နိုင္ငံႏွင့္ ပူးေပါင္းေဆာင္ရြက္မည့္ လယ္ယာစီးပြားေရးဝန္ေဆာင္မွုစင္တာမ်ားကို ရခိုင္၊တြံေတး၊က်ိဳက္လတ္၊မႏၲေလးတို႔တြင္ တည္ေထာင္သြားရန္ရွိ
တ႐ုတ္နိုင္ငံႏွင့္ ပူးေပါင္းေဆာင္ရြက္မည့္ လယ္ယာစီးပြားေရးဝန္ေဆာင္မွုစင္တာမ်ားကို ရခိုင္၊တြံေတး၊က်ိဳက္လတ္၊မႏၲေလးတို႔တြင္ တည္ေထာင္သြားရန္ရွိေၾကာင္း သိရသည္။
ထိုသို႔တည္ေထာင္နိုင္ေရးအတြက္ တ႐ုတ္နိုင္ငံႏွင့္ သေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုၿပီးျဖစ္ေၾကာင္းလည္း သိရသည္။
ျမန္မာနိုင္ငံဆန္စပါးအသင္းခ်ဳပ္ (MRF)၊ ျမန္မာနိုင္ငံလယ္ယာ စီးပြားေရးအမ်ားပိုင္ကုမၸဏီလီမိတက္ (MAPCO) ႏွင့္ တ႐ုတ္ျပည္သူ႔သမၼတနိုင္ငံ နိုင္ငံပိုင္စီးပြားေရးလုပ္ငန္းစု ျဖစ္သည့္ CITIC Construction Group တို႔ပူးေပါင္းေဆာင္ရြက္မည့္ အထက္ပါစီမံကိန္းကို ပထမအဆင့္အေနျဖင့္ ဧရာဝတီတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ ရခိုင္ျပည္နယ္တို႔တြင္ လယ္ယာစီးပြားေရးဝန္ေဆာင္မွုစင္တာ (Agribusiness Service Center-ASC) စီမံကိန္း(၄)ခုအား အေကာင္အထည္ေဖာ္မည္ျဖစ္ကာ ရခိုင္ျပည္နယ္ ေက်ာက္ေတာ္၊တြံေတး၊က်ိဳက္လတ္၊မႏၲေလး မတၱရာ တို႔တြင္ တည္ေထာင္မည္ဟု သိရသည္။
ယင္းစီမံကိန္းမ်ား ေဆာင္ရြက္နိုင္ရန္အတြက္ ၂၀၁၇ ခုႏွစ္ ဇူလိုင္လက MoU ေရးထိုးျခင္း၊ စီမံကိန္း(၃၃) ေနရာအား တိုင္းေဒသႀကီး/ျပည္နယ္ အစိုးရအဖြဲ႕မ်ားႏွင့္ ညႇိႏွိုင္းေရြးခ်ယ္ျခင္းတို႔ ေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ လယ္ယာစီးပြားေရးဝန္ေဆာင္မွုစင္တာ စီမံကိန္းတြင္ စီမံကိန္းဧရိယာရွိ ေတာင္သူလယ္သမား မ်ားႏွင့္ အက်ိဳးတူကန္ထရိုက္လယ္ယာမ်ား (Contract Farming) ေဆာင္ရြက္ျခင္း၊ မ်ိဳးေကာင္းမ်ိဳးသန႔္၊ မ်ိဳးေစ့ မ်ားစိုက္ပ်ိဳးထုတ္လုပ္ျဖန႔္ျဖဴးျခင္း၊ စံခ်ိန္စံညႊန္းမီ ဓါတ္ေျမၾသဇာမ်ား၊ Agro Chemical မ်ား ကိုျဖန႔္ျဖဴးေပးျခင္း၊ Dryer မ်ားျဖင့္ စနစ္တက် အေျခာက္ခံျခင္း၊ သိုေလွာင္ျခင္း၊ ႀကိတ္ခြဲျခင္းစသည့္ လယ္ယာက႑ လုပ္ငန္း အစီအစဥ္မ်ားကို ပါဝင္မည္ဟု သိရသည္။
0 comments:
Post a Comment