ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက်က လောင်စာဆီဈေး တိုးမြှင့်ကြောင်း အံ့ဩစဖွယ် ဆုံးဖြတ်ကြေညာချက်ကြောင့် အီရန်နိုင်ငံ၏ မြို့တော်တော်များများတွင် ဆန္ဒပြမှုများ စတင်ဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိပ်တိုက်ပဋိပက္ခများ ဖြစ်ပွားပြီး ကားတာယာများ မီရှို့လောင်ကျွမ်းနေသည့် ပုံများကို အီရန်နိုင်ငံပိုင် IRIB ရုပ်သံက ထုတ်လွှင့်ပြသခဲ့ကြောင်း သိရှိရသည်။
နိုဝင်ဘာ ၁၉ ရက်နေ့က ဆန္ဒပြမှုများအတွင်း သေဆုံးသူ ငါးဦးရှိပြီဟု အာဏာပိုင်များက အတည်ပြုပြီး သေဆုံးသူ သုံးဦးမှာ လုံခြုံရေးအဖွဲ့ဝင်များ ဖြစ်ပြီး အဓိကရုဏ်းဖန်တီးကြသူများ၏ ဓားထိုးခံရခြင်း သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံအတွင်း အင်တာနက်လိုင်းများကိုလည်း ပိတ်ထားရာ အခြေအနေများ ပြန်တည်ငြိမ်သည့်အခါမှ ပြန်လည်ဖွင့်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။
လောင်စာဆီဈေး တိုးမြှင့်ရာမှ ဖြစ်ပွားလာခဲ့သည့် ဆန္ဒပြမှုများကို ဖြိုခွင်းရန် လုံခြုံရေးတပ်ဖွဲ့များအား ညွှန်ကြားချက် ထုတ်ပြန်လိုက်ချိန်မှစ၍ နိုင်ငံအနှံ့ ငါးရက်တာ ဆန္ဒပြကာလအတွင်း သေဆုံးသူပေါင်းက ၁၀၀ ကျော်ထက်မနည်း ရှိနိုင်သည်ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာရေးအဖွဲ့ AI က ထုတ်ပြန်ထားကြောင်း သိရှိရသည်။
<zawgyi>
လောင်စာဆီဈေး တိုးမြှင့်မှုကြောင့် အီရန်တွင် ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်များ ထိပ်တိုက်ပဋိပက္ခ ဖြစ်ပွား
Wednesday , November 20 , 2019
ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက်က လောင်စာဆီဈေး တိုးမြှင့်ကြောင်း အံ့ဩစဖွယ် ဆုံးဖြတ်ကြေညာချက်ကြောင့် အီရန်နိုင်ငံ၏ မြို့တော်တော်များများတွင် ဆန္ဒပြမှုများ စတင်ဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိပ်တိုက်ပဋိပက္ခများ ဖြစ်ပွားပြီး ကားတာယာများ မီရှို့လောင်ကျွမ်းနေသည့် ပုံများကို အီရန်နိုင်ငံပိုင် IRIB ရုပ်သံက ထုတ်လွှင့်ပြသခဲ့ကြောင်း သိရှိရသည်။
နိုဝင်ဘာ ၁၉ ရက်နေ့က ဆန္ဒပြမှုများအတွင်း သေဆုံးသူ ငါးဦးရှိပြီဟု အာဏာပိုင်များက အတည်ပြုပြီး သေဆုံးသူ သုံးဦးမှာ လုံခြုံရေးအဖွဲ့ဝင်များ ဖြစ်ပြီး အဓိကရုဏ်းဖန်တီးကြသူများ၏ ဓားထိုးခံရခြင်း သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံအတွင်း အင်တာနက်လိုင်းများကိုလည်း ပိတ်ထားရာ အခြေအနေများ ပြန်တည်ငြိမ်သည့်အခါမှ ပြန်လည်ဖွင့်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။
လောင်စာဆီဈေး တိုးမြှင့်ရာမှ ဖြစ်ပွားလာခဲ့သည့် ဆန္ဒပြမှုများကို ဖြိုခွင်းရန် လုံခြုံရေးတပ်ဖွဲ့များအား ညွှန်ကြားချက် ထုတ်ပြန်လိုက်ချိန်မှစ၍ နိုင်ငံအနှံ့ ငါးရက်တာ ဆန္ဒပြကာလအတွင်း သေဆုံးသူပေါင်းက ၁၀၀ ကျော်ထက်မနည်း ရှိနိုင်သည်ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာရေးအဖွဲ့ AI က ထုတ်ပြန်ထားကြောင်း သိရှိရသည်။
#Myanmar_Online_News #AFP
0 comments:
Post a Comment