Monday, November 4, 2019

ထာဝရငြိမ်းချမ်းရေးစေတီတော် ရွှေထီးတော်တင်လှူပူဇော်ပွဲအခမ်းအနားအား တန်ဆောင်မုန်း လပြည့်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

Image may contain: sky and outdoor

နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်း ကံ့ကော်ပန်းအဝိုင်းအနီး၌ တည်ထားကိုးကွယ်လျက်ရှိသည့် ထာဝရငြိမ်းချမ်းရေးစေတီတော် ရွှေထီးတော်တင်၊ အထက်ဌာပနာတော်သွင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာ တင်လှူပူဇော်ပွဲ မဟာမင်္ဂလာ အခမ်းအနားများကို တန်ဆောင်မုန်းလပြည့်နေ့ (နိုဝင်ဘာ ၁၁ ရက်) နံနက်ပိုင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

စေတီတော်ကြီးအချိန်မီပြီးစီးရေး ကုမ္ပဏီ(၄)ခုမှ တာဝန်ယူတည်ဆောက်လျှက်ရှိပြီး စေတီတော်မြန်မာမှုဒီဇိုင်းလုပ်ငန်းများအား တာဝန်ယူလုပ်ကိုင်နေသည့် စံထိပ်တန်းမြန်မာမှု လုပ်ငန်းမှ အင်ဂျင်နီယာဦးဇော်မျိုးထက်က “ကျွန်တော်တို့တာဝန်ယူထားတဲ့ မြန်မာမှုလုပ် ငန်းမှာ ပင်မစေတီကြီးနဲ့ ဘုရားရင်ပြင်တော်မှာရှိတဲ့ မြန်မာမှုဒီဇိုင်းလုပ်ငန်းအကုန်လုံးနီးပါး ပြီးစီးနေပြီလို့ ပြောလို့ရပါတယ်။ မြန်မာမှုနဲ့ပတ်သက်ပြီး လုပ်ငန်းနည်းနည်းပဲကျန်ပါတော့တယ်။ စေတီတော်မှာပါတဲ့ မြန်မာမှုဒီဇိုင်းတွေက ပုဂံမှာရှိတဲ့ အာနန္ဒာဘုရားက မြန်မာမှု ပုံစံဒီဇိုင်းတွေကိုအနည်းငယ်မှီငြမ်းထားပါတယ်။ တချို့နေရာတွေမှာဒီဇိုင်းတွေကို နည်းနည်း ဆန်းသစ်အောင် လုပ်ထားတာရှိပါတယ်” ဟုပြောသည်။
စေတီတော်၏ ဉာဏ်တော်အမြင့်မှာ ၁၀၈ ပေရှိပြီးစေတီတော်အရံ ၈၀ ပါရှိကာ ရင်ပြင်တော်အကျယ် ၃၀၆ ပေရှိကြောင်းသိရသည်။စေတီတော်ကြီးတွင် တင်လှူပူဇော်မည့် ထီးတော်များကိုရန်ကုန်မြို့မှ ပင့်ဆောင်လျက်ရှိပြီးယနေ့ညနေပိုင်းတွင် စေတီအရံ၄၀ မှ ထီးတော်များကိုပင့်ဆောင်နိုင်ခဲ့ကြောင်း၊ နိုဝင်ဘာ ၅ ရက်နေ့တွင် စေတီတော်အရံ ၄၀ ၏ ထီးတော်၊ နိုဝင်ဘာ ၆ ရက်နေ့တွင် ပင်မစေတီတော်ကြီးတွင် တင်လှူပူဇော်မည့်ရွှေထီးတော်၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို နေပြည်တော် အရောက်ပင့်ဆောင်မည် ဖြစ်ကြောင်း သိရသည်။
ထာဝရငြိမ်းချမ်းရေးစေတီတော် ရွှေထီးတော်တင်လှူပူဇော်ပွဲအကြို အသံမစဲမဟာ ပဌာန်းရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၇ ရက် နံနက်ပိုင်းတွင် ပျဉ်းမနားမြို့ မဟာဝိသုတာရာမဈေးကုန်းကျောင်းတိုက် ပဓာနနာယကအဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာ ဘဒ္ဒန္တကဝိသာရအမှူးပြုသောဆရာတော်၊ သံဃာတော်များကလည်းကောင်း၊ ပဌာန်းသိမ်း အောင်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၉ ရက်နံနက်ပိုင်းတွင် လယ်ဝေးမြို့၊ ပေါက်မြိုင်ပရိယတ္တိ စာသင်တိုက်၊ပဓာနနာယက ဆရာတော်အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒအမှူးပြုသောဆရာတော်၊ သံဃာတော်များကလည်းကောင်းရွတ်ပွားသရဇ္ဈယ်ကြမည်ဖြစ်သည်။
စေတီတော်ကြီး ထီးတော်တင်မဟာမင်္ဂလာအခမ်းအနား ကျင်းပနေမှုများကို မြန်မာ့ အသံနှင့်ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့် ပြသမေးမည်ဖြစ်ပြီး အခမ်းအနားသို့ ကိုယ်တိုင် တက်ရောက်ကြည်ညို ပူဇော်လိုသည့် အလှူရှင်များရှိပါကလာရောက် ပူဇော်နိုင်ကြောင်းသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အသိပေးနှိုးဆော်ထားသည်။
No photo description available.
No photo description available.
ဟန်လင်းနိုင်၊ဟိန်းမင်းစိုး
<zawgyi>
ထာဝရငြိမ်းချမ်းရေးစေတီတော် ရွှေထီးတော်တင်လှူပူဇော်ပွဲအခမ်းအနားအား တန်ဆောင်မုန်း လပြည့်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
Tuesday, November 5, 2019

#Myanmar_Online_News

0 comments:

Post a Comment