ချင်းလူမျိုးများနှင့် ရခိုင်လူမျိုးများနေထိုင်သော ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း၌ AA လက်နက်ကိုင်သောင်း ကျန်းသူများက ဒေသခံချင်းလူမျိုးများကို ဖမ်းဆီးနေသည့်အတွက် လူမျိုးရေးပဋိပက္ခများ ဖြစ်ပေါ်လာမည် ကို စိုးရိမ်ကြောင်း ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (CNLD) မှ အတွင်းရေးမှူးဖြစ်သူ ဆလိုင်းအောင်လိန်းက ပြောကြားခဲ့ကြောင်းသိရှိရသည်။
AA လက်နက်ကိုင်သောင်းကျန်းသူများသည် နိုဝင်ဘာလ ၃ ရက်နေ့က ပလက်ဝမြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကိုဖမ်းဆီးခဲ့ပြီးယင်းမတိုင်ခင်ကလည်း ဒေသခံအများအပြားကို ဖမ်းဆီးထားမှုများရှိခဲ့သည်။
"နာမည်ကြီးလွှတ်တော်အမတ်တစ်ေယာက်ကိုဖမ်းဆီးတာဟာ တမင်ရည်ရွယ်ပြီး သူတို့လုပ်ဆောင်တာကိုတွေ့ရတဲ့အတွက် ကျွန်တော်တို့က တော်တော်လေးကို နယ်မြေမလုံခြုံဘူးလို့ခံစားရတယ်။ အဲဒီအတွက်အမြန်ဆုံးလွှတ်ပေးစေချင် တယ်။ နောက် ပလက်ဝမြို့နယ်မှာ ဖမ်းဆီးခံထားရသူတွေအများကြီးရှိတယ်။ သူတို့အားလုံးကိုလည်း ပြန်ပြီးလွှတ်ပေး စေချင်တယ်" ဟု ဆလိုင်းအောင်လိန်းကပြောကြားသည်။
AA သည် ပလက်ဝမြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဝှေ့တင်းအပြင် အခြားပလက်ဝဒေသခံ ၈၂ဦးကို
လည်းဖမ်းဆီးထားသေးသည်။
"အခုလို AAတွေက ချင်းလူမျိုးတွေကိုဆက်လုပ်လို့ရှိရင်တော့ အဲဒါက ပိုကြောက်ဖို့ကောင်းတယ်။ လူမျိုးရေးပြဿသာနာ တစ်ခုခုဖြစ်မှာစိုးရိမ်ရတယ်။ ဖြစ်နိုင်လို့ရှိရင် အခုလိုလုပ်ရပ်တွေကို အမြန်ဆုံး ရပ်ပေးစေချင်တယ်။ သူတို့ဖမ်းထားတဲ့သူတွေကိုလည်း ခြွင်းချက်မရှိ လွှတ်ပေးစေချင်တယ်"လို့ ချင်းလူ့အခွင့်အရေးအဖွဲ့မှ ဆလိုင်းတေရကမူက ပြောကြားခဲ့သည်။
ယခုဖြစ်ရပ်များမတိုင်ခင်ကလည်း AA သည် ပလက်ဝဒေသတွင်ဆောက်လုပ်ရေးလုပ်ငန်းလုပ်ဆောင်နေသည့် ဆုထူးစံကုမ္ပဏီမှ ဝန်ထမ်း ၈ဦးနှင့် ကင်းတလင်းရွာသား ၅၄ဦးကိုလည်း ဖမ်းဆီးခဲ့ပြီး လအတန်ကြာမှ ပြန်လွှတ်ပေးခဲ့သည်။
<zawgyi>
AA လက်နက်ကိုင်သောင်းကျန်းသူများက ဒေသခံ ချင်းလူမျိုးများကို ဖမ်းဆီးနေသည့်အတွက် လူမျိုးရေးပဋိပက္ခများဖြစ်လာမည်ကို စိုးရိမ်မှုများ ရှိနေဟု ဆို
Tuesday, November 5, 2019
ချင်းလူမျိုးများနှင့် ရခိုင်လူမျိုးများနေထိုင်သော ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း၌ AA လက်နက်ကိုင်သောင်း ကျန်းသူများက ဒေသခံချင်းလူမျိုးများကို ဖမ်းဆီးနေသည့်အတွက် လူမျိုးရေးပဋိပက္ခများ ဖြစ်ပေါ်လာမည် ကို စိုးရိမ်ကြောင်း ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (CNLD) မှ အတွင်းရေးမှူးဖြစ်သူ ဆလိုင်းအောင်လိန်းက ပြောကြားခဲ့ကြောင်းသိရှိရသည်။
AA လက်နက်ကိုင်သောင်းကျန်းသူများသည် နိုဝင်ဘာလ ၃ ရက်နေ့က ပလက်ဝမြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကိုဖမ်းဆီးခဲ့ပြီးယင်းမတိုင်ခင်ကလည်း ဒေသခံအများအပြားကို ဖမ်းဆီးထားမှုများရှိခဲ့သည်။
"နာမည်ကြီးလွှတ်တော်အမတ်တစ်ယောက်ကိုဖမ်းဆီးတာဟာ တမင်ရည်ရွယ်ပြီး သူတို့လုပ်ဆောင်တာကိုတွေ့ရတဲ့အတွက် ကျွန်တော်တို့က တော်တော်လေးကို နယ်မြေမလုံခြုံဘူးလို့ခံစားရတယ်။ အဲဒီအတွက်အမြန်ဆုံးလွှတ်ပေးစေချင် တယ်။ နောက် ပလက်ဝမြို့နယ်မှာ ဖမ်းဆီးခံထားရသူတွေအများကြီးရှိတယ်။ သူတို့အားလုံးကိုလည်း ပြန်ပြီးလွှတ်ပေး စေချင်တယ်" ဟု ဆလိုင်းအောင်လိန်းကပြောကြားသည်။
AA သည် ပလက်ဝမြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဝှေ့တင်းအပြင် အခြားပလက်ဝဒေသခံ ၈၂ဦးကို
လည်းဖမ်းဆီးထားသေးသည်။
"အခုလို AAတွေက ချင်းလူမျိုးတွေကိုဆက်လုပ်လို့ရှိရင်တော့ အဲဒါက ပိုကြောက်ဖို့ကောင်းတယ်။ လူမျိုးရေးပြဿသာနာ တစ်ခုခုဖြစ်မှာစိုးရိမ်ရတယ်။ ဖြစ်နိုင်လို့ရှိရင် အခုလိုလုပ်ရပ်တွေကို အမြန်ဆုံး ရပ်ပေးစေချင်တယ်။ သူတို့ဖမ်းထားတဲ့သူတွေကိုလည်း ခြွင်းချက်မရှိ လွှတ်ပေးစေချင်တယ်"လို့ ချင်းလူ့အခွင့်အရေးအဖွဲ့မှ ဆလိုင်းတေရကမူက ပြောကြားခဲ့သည်။
ယခုဖြစ်ရပ်များမတိုင်ခင်ကလည်း AA သည် ပလက်ဝဒေသတွင်ဆောက်လုပ်ရေးလုပ်ငန်းလုပ်ဆောင်နေသည့် ဆုထူးစံကုမ္ပဏီမှ ဝန်ထမ်း ၈ဦးနှင့် ကင်းတလင်းရွာသား ၅၄ဦးကိုလည်း ဖမ်းဆီးခဲ့ပြီး လအတန်ကြာမှ ပြန်လွှတ်ပေးခဲ့သည်။
0 comments:
Post a Comment