မြန်မာနိုင်ငံတွင် ခရီးသည်တင် ကူးတို့သင်္ဘောတစ်စီးကို သူပုန်တို့ ဖမ်းဆီးပြန်ပေးဆွဲပြီးနောက် ရဲဝံ့စွန့်စားသော ရဟတ် ယာဉ် ကယ်ဆယ်ရေးတစ်ရပ် ဖြစ်ပွားကြောင်း Washington Posts က အောက်တိုဘာ ၂၈ ရက်နေ့ တွင် ရေးသားသည်။
“ရခိုင်တပ်”AA (Arkan Army) ခေါ် လူမျိုးစုသူပုန်တို့သည် ပြည်နယ်လွတ်လပ်ရေးတောင်းဆိုရာတွင် မရှက်မကြောက် မျက်နှာပြောင်တိုက်သည့် နည်းဗျူဟာအများအပြား တိုးမြှင့် အသုံးချလာကြောင်း ဝေဖန်ပြောဆိုမှု ဂယက်ရိုက်လျှက်ရှိသည်။
မြန်မာနိုင်ငံအနောက်ဖက်ဒေသ နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသည့် ဆိပ်ကမ်းတစ်ခုမှ သင်္ဘော ထွက်ခွာလာချိန်တွင် လိုက်ပါလာသူ ခရီးသည်အချို့အတွက် ယခုခရီးစဉ်သည် အလှည့်အပြောင်းများနှင့် မည်မျှအန္တရာယ်များလိမ့်မည်ဟု ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိခဲ့ချေ။
နောက်တစ်ရက် စနေနေ့တွင် မြစ်ကမ်းဘေးတစ်လျှောက် လမုတောများကြားမှ AAသူပုန်အုပ်စု တစ်စုရုတ်တရက် ထွက်ပေါ်လာသည်။ ဒါဇင်ပေါင်းများစွာသော စစ်သည်အချို့နှင့်အတူ အစိုးရအမှုထမ်း(၅၈ ဦး) ကို သေနတ်နှင့်ချိန်လျှက် သင်္ဘောပေါ်မှ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည်။ AA သူပုန်တို့သည် ဓါးစာခံတို့ကို စက်လှေသုံးစီးပေါ်တွင် လူခွဲလျှက် ဖမ်းဆီးခေါ်ဆောင်ခဲ့ရာ တပ်မတော်ရဟတ်ယာဉ်များက ဓါးစာခံလွတ်မြောက်ရေးအတွက် အန္တရာယ်အမျိုးမျိုးကြားမှ ကြိုးစားကယ်ဆယ်ခဲ့ရသည်။
နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက် တပ်မတော်က ဓါးစားခံများအနက် ၁၄ ဦး ကို ကယ်တင်နိုင်ခဲ့သည်ဆို၏။ သူပုန်များကမူ ဓါးစာခံအချို့မှာ ရဟတ်ယာဉ်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်းနှင့်၊အသက်ရှင်ကျန်သူများအား “ဆက်လက်စုံစမ်းစစ်ဆေးမှု”(further investigation) ပြုလုပ်ရန် ထိန်းသိမ်းထားကြောင်း ပြောဆိုသည်။
<zawgyi>
မြန်မာနိုင်ငံတွင် ကူးတို့အမြန်ရေယာဉ်မှ ခရီးသည်များကို သူပုန်တို့ဖမ်းဆီး ပြန်ပေးဆွဲသဖြင့် ရဟတ်ယာဉ်ဖြင့် စွန့်စားကယ်တင်ရကြောင်း နိုင်ငံတကာမီဒီယာတို့ဖော်
Tuesday, November 5, 2019
မြန်မာနိုင်ငံတွင် ခရီးသည်တင် ကူးတို့သင်္ဘောတစ်စီးကို သူပုန်တို့ ဖမ်းဆီးပြန်ပေးဆွဲပြီးနောက် ရဲဝံ့စွန့်စားသော ရဟတ် ယာဉ် ကယ်ဆယ်ရေးတစ်ရပ် ဖြစ်ပွားကြောင်း Washington Posts က အောက်တိုဘာ ၂၈ ရက်နေ့ တွင် ရေးသားသည်။
“ရခိုင်တပ်”AA (Arkan Army) ခေါ် လူမျိုးစုသူပုန်တို့သည် ပြည်နယ်လွတ်လပ်ရေးတောင်းဆိုရာတွင် မရှက်မကြောက် မျက်နှာပြောင်တိုက်သည့် နည်းဗျူဟာအများအပြား တိုးမြှင့် အသုံးချလာကြောင်း ဝေဖန်ပြောဆိုမှု ဂယက်ရိုက်လျှက်ရှိသည်။
မြန်မာနိုင်ငံအနောက်ဖက်ဒေသ နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသည့် ဆိပ်ကမ်းတစ်ခုမှ သင်္ဘော ထွက်ခွာလာချိန်တွင် လိုက်ပါလာသူ ခရီးသည်အချို့အတွက် ယခုခရီးစဉ်သည် အလှည့်အပြောင်းများနှင့် မည်မျှအန္တရာယ်များလိမ့်မည်ဟု ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိခဲ့ချေ။
နောက်တစ်ရက် စနေနေ့တွင် မြစ်ကမ်းဘေးတစ်လျှောက် လမုတောများကြားမှ AAသူပုန်အုပ်စု တစ်စုရုတ်တရက် ထွက်ပေါ်လာသည်။ ဒါဇင်ပေါင်းများစွာသော စစ်သည်အချို့နှင့်အတူ အစိုးရအမှုထမ်း(၅၈ ဦး) ကို သေနတ်နှင့်ချိန်လျှက် သင်္ဘောပေါ်မှ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည်။ AA သူပုန်တို့သည် ဓါးစာခံတို့ကို စက်လှေသုံးစီးပေါ်တွင် လူခွဲလျှက် ဖမ်းဆီးခေါ်ဆောင်ခဲ့ရာ တပ်မတော်ရဟတ်ယာဉ်များက ဓါးစာခံလွတ်မြောက်ရေးအတွက် အန္တရာယ်အမျိုးမျိုးကြားမှ ကြိုးစားကယ်ဆယ်ခဲ့ရသည်။
နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက် တပ်မတော်က ဓါးစားခံများအနက် ၁၄ ဦး ကို ကယ်တင်နိုင်ခဲ့သည်ဆို၏။ သူပုန်များကမူ ဓါးစာခံအချို့မှာ ရဟတ်ယာဉ်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်းနှင့်၊အသက်ရှင်ကျန်သူများအား “ဆက်လက်စုံစမ်းစစ်ဆေးမှု”(further investigation) ပြုလုပ်ရန် ထိန်းသိမ်းထားကြောင်း ပြောဆိုသည်။
#HtayOung, #OungMarine
0 comments:
Post a Comment