Monday, November 4, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ထိုင်းနိုင်ငံမှ နေပြည်တော်သို့ ပြန်လည်ရောက်ရှိ

Image may contain: 3 people, people smiling, people standing and suit

ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပသည့် (၃၅) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခဲ့သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် အဖွဲ့၀င်များနှင့်အတူ ယနေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီ မိနစ် ၄၀ တွင် မော်တော်ယာဉ်များဖြင့် ခေတ္တ တည်းခိုသည့် The Athenee Hotel မှ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက် ရှိရာ တာ၀န်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အဖွဲ့သည် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်လည် ရောက်ရှိကြရာ တာ၀န်ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြကြောင်း သိရှိရသည်။
Image may contain: 8 people, people smiling, people standing

<<zawgyi>>
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ထိုင်းနိုင်ငံမှ နေပြည်တော်သို့ ပြန်လည်ရောက်ရှိ
Tuesday , November 5,2019

ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပသည့် (၃၅) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခဲ့သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် အဖွဲ့ဝင်များနှင့်အတူ ယနေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီ မိနစ် ၄၀ တွင် မော်တော်ယာဉ်များဖြင့် ခေတ္တ တည်းခိုသည့် The Athenee Hotel မှ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက် ရှိရာ တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အဖွဲ့သည် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်လည် ရောက်ရှိကြရာ တာဝန်ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြကြောင်း သိရှိရသည်။

0 comments:

Post a Comment