အီရန်လေကြောင်းလိုင်းဖြစ်သည့် Mahan လေကြောင်းလိုင်းသည် ဒီဇင်ဘာလအတွင်း အီတလီသို့ ပျံသန်းမည့် လေကြောင်းခရီးစဉ်များကို ရပ်ဆိုင်းသွားမည်ဟု အီရန်လေကြောင်းလိုင်းအဖွဲ့အစည်း အကြီးအကဲ မာဆွတ် အာဆတ် ဆယ်မာနီက နိုဝင်ဘာ ၃ ရက်တွင် ပြောကြားခဲ့ကြောင်း သိရှိရသည်။
Mahan လေကြောင်းလိုင်း၏ အီတလီမြို့ကြီးများဖြစ်သည့် ရောမနှင့် မီလန်မြို့များသို့ ဒီဇင် ဘာ ၂၁ ရက်မတိုင်မီ ပျံသန်းသွားမည်ဟု မာဆွတ်အာဆတ်က အီရန်နိုင်ငံပိုင် အိုင်အာအိုင်ဘီ ရုပ်သံလိုင်းသို့ ပြောသည်။ အီတလီလေကြောင်းအာဏာပိုင်အဖွဲ့ဖြစ်သည့် အီးအန်အေစီက နိုဝင်ဘာ ၂ ရက်တွင် ရောမမြို့နှင့် မီလန်မြို့သို့ ပျံသန်းမည့် Mahan လေကြောင်းလိုင်းခရီးစဉ်များကို ဒီဇင်ဘာလအတွင်း ရပ်ဆိုင်းသွားမည်ဟု ကြေညာခဲ့ပြီး ၎င်းကဲ့သို့ အီတလီ၏ ဆုံးဖြတ်ချက်သည် အမေရိကန်၏ လွှမ်းမိုးမှုများရှိနေပြီး အီရန်နိုင်ငံ၏ လေကြောင်းလိုင်းလုပ်ငန်းအပေါ် ပစ်မှတ်ထားသည့် အမေရိကန်၏ ပိတ်ဆို့မှုများအနက်မှ တစ်ခုဖြစ်နိုင်ကြောင်း သိရှိရသည်။
လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလကလည်း ဂျာမနီနှင့် ပြင်သစ်နိုင်ငံ တို့သည် Mahan လေကြောင်းလိုင်းမှ ခရီးစဉ်များကို ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
<<zawgyi>>
လာမည့် ဒီဇင်ဘာလအတွင်း အီတလီသို့ ပျံသန်းမည့်လေကြောင်းခရီးစဉ်များ အီရန် ရပ်ဆိုင်းမည်
Tuesday , November 5,2019
အီရန်လေကြောင်းလိုင်းဖြစ်သည့် Mahan လေကြောင်းလိုင်းသည် ဒီဇင်ဘာလအတွင်း အီတလီသို့ ပျံသန်းမည့် လေကြောင်းခရီးစဉ်များကို ရပ်ဆိုင်းသွားမည်ဟု အီရန်လေကြောင်းလိုင်းအဖွဲ့အစည်း အကြီးအကဲ မာဆွတ် အာဆတ် ဆယ်မာနီက နိုဝင်ဘာ ၃ ရက်တွင် ပြောကြားခဲ့ကြောင်း သိရှိရသည်။
Mahan လေကြောင်းလိုင်း၏ အီတလီမြို့ကြီးများဖြစ်သည့် ရောမနှင့် မီလန်မြို့များသို့ ဒီဇင် ဘာ ၂၁ ရက်မတိုင်မီ ပျံသန်းသွားမည်ဟု မာဆွတ်အာဆတ်က အီရန်နိုင်ငံပိုင် အိုင်အာအိုင်ဘီ ရုပ်သံလိုင်းသို့ ပြောသည်။ အီတလီလေကြောင်းအာဏာပိုင်အဖွဲ့ဖြစ်သည့် အီးအန်အေစီက နိုဝင်ဘာ ၂ ရက်တွင် ရောမမြို့နှင့် မီလန်မြို့သို့ ပျံသန်းမည့် Mahan လေကြောင်းလိုင်းခရီးစဉ်များကို ဒီဇင်ဘာလအတွင်း ရပ်ဆိုင်းသွားမည်ဟု ကြေညာခဲ့ပြီး ၎င်းကဲ့သို့ အီတလီ၏ ဆုံးဖြတ်ချက်သည် အမေရိကန်၏ လွှမ်းမိုးမှုများရှိနေပြီး အီရန်နိုင်ငံ၏ လေကြောင်းလိုင်းလုပ်ငန်းအပေါ် ပစ်မှတ်ထားသည့် အမေရိကန်၏ ပိတ်ဆို့မှုများအနက်မှ တစ်ခုဖြစ်နိုင်ကြောင်း သိရှိရသည်။
လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလကလည်း ဂျာမနီနှင့် ပြင်သစ်နိုင်ငံ တို့သည် Mahan လေကြောင်းလိုင်းမှ ခရီးစဉ်များကို ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
#Myanmar_Online_News #အီတလီ #အီရန် #လေကြောင်းခရီးစဉ်
0 comments:
Post a Comment