Monday, November 4, 2019

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အုပ်စုလိုက် ခဲများဖြင့် ထုမှုကြောင့် လူသေဆုံးမှုဖြစ်ပွား

Image may contain: one or more people and people standing

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အုပ်စုလိုက် ခဲများဖြင့် ထုမှုကြောင့် လူသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ မွန်ပြည်နယ်သထုံမြို့နယ် သာယာကုန်းကျေးရွာအရှေ့ပိုင်းနေ ဦးသောင်းအေး+ဒေါ်တင်အေးတို့၏သား စောတော်တီး(ခ) မောင်အေးချမ်းတိမ်လွှာနှင့် လူငယ်ချင်းရည်ငံနေသူ မ-----နောင်ကုလားအလယ်ရွာ မြောက်ပိုင်း သထုံမြို့တို့ နှစ်ယောက် နိုဝင်ဘာလ (၁) ရက်နေ့ ည (၇ )နာရီအချိန် နောင်ကုလားရှမ်းရွာဘုရားပွဲသို့သွားလည်ခဲ့ပြီး နေအိမ်သို့ ပြန်လာရာတွင် နောင်ကုလားအလယ်ရွာသုခ(၂)လမ်းထိပ် ကားလမ်းမကြီး အရောက်တွင် လူအုပ်စုမှ ဝိုင်းဝန်းထိုးကြိတ် ဆိုင်ကယ်ပေါ်မှဆွဲချပြီး လဲကျသွားသော မောင်အေးချမ်းတိမ်လွှာကို လမ်းဘေးရှိ အုပ်ခဲကျိုးများဖြင့် ဝိုင်းထုရာ ဒဏ်ရာများရရှိခဲ့သဖြင့် ဝိုင်းထုရိုက်ခတ်သဖြင့် အပြင်းအထန် ဒဏ်ရာများရသဖြင့် သထုံဆေးရုံကြီးသို့ပို့ဆောင်ရာ မသက်သာသဖြင့်ရန်ကုန်ဆေးရုံသို့ ကားဖြင့် ည(၁၁း၃၀)ချိန်တွင် ပို့ဆောင်ခဲ့ရာ နိုဝင်ဘာလ (၂)ရက်နေ့ မနက်(၃း၃၀)အချိန်တွင် မောင်အေးချမ်းတိမ်လွှာ သေဆုံးမှုဖြစ်ပွားခဲ့ပါသည်။

ပွဲသွားကြည့်တာပါသုခ(၂)လမ်းထိပ်မှာလူအယောက်(၂၀)လောက် (ခန့်မှန်း)ရှိမယ် ဝိုင်းထိုးကြတာဆိုင်ကယ်ပေါ်က ဆွဲချတယ်။ လဲကျ သွားတော့ ခြေထောက်တွေနဲ့ဝိုင်းကန်ကြတယ်။ လမ်းဘေးမှာရှိတဲ့ အုပ်ခဲကျိုးတွေနဲ့ ဝိုင်းထုကြတာ မရိုက်နဲ့တော့ သေသွားလိမ့်မယ်လို့တားတယ်မရဘူး။ ကျွန်မကို တွန်းလွှတ်တယ်။ ကျွန်မသထုံဆေးရုံ အထိ လိုက်သွားတယ်။ သူတချက်တော့သတိပြန်လည်လာသေးတယ် ညည်းနေတယ်။ သူခေါင်းကိုက်တယ်လို့ပြောတယ်။ သိပ်မကြာဘူး ရန်ကုန်ဆေးရုံကိုသယ်သွားကြတယ်။ မနက်ကျတော့ သထုံရဲစခန်းမှာ ကျမကိုယ်တိုင်အမှု သွားဖွင့်ခဲ့တယ်ဟု မ-----ကပြောကြားပါတယ်။
ကျွန်တော့် ရဲစခန်းကိုတရားလိုအမျိုးသမီးရောက်လာတယ်။ ညကပွဲသွားကြည့်ဖို့ ပွဲခင်းကိုလာရင်း သူ့ကောင်လေးအရိုက်ခံရတယ် ဆိုပြီး အမှုလာဖွင့်တယ်။ (ပ)၂၃၀၄/ရာဇသတ်ကြီးပုဒ်မ ၃၂၅/၁၁၄ နဲ့ အမှု့ဖွင့်ပေးလိုက်တယ်။ ဒဏ်ရာကရန်ကုန်ဆေးရုံကြီးကိုလွဲထားတယ်လို့သိရတယ်။ ချက်ခြင်းဘဲလိုက်လံစုံစမ်းပါတယ်။ တရားလိုရဲ့ တိုင်တန်းချက်အရ (၁၀)ဦးခန့်လို့ ပြောတဲ့အတွက် နယ်ထိန်းအဖွဲ့များ နှင့် လိုက်ဖမ်းဆီးပါတယ်။ လောလောဆယ်(၉)ဦးကို ဖမ်းဆီးထားပြီး ပါပြီး။ လူနာသေသွားတဲ့အတွက် ရာဇသတ်ကြီးပုဒ်မ ၃၂၅/၁၁၄နဲ့ ဖွင့်ထားရာကနေ၃၀၂/၁၁၄နဲ့ပြောင်းလည်းဖွင့်ထားပြီဖြစ်ကြောင်း သိရှိရသည်။
Image may contain: one or more people
Image may contain: sky, cloud, outdoor and nature
Image may contain: plant, outdoor and nature
Image may contain: outdoor
နေမင်း(သထုံ)
<zawgyi>
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အုပ်စုလိုက် ခဲများဖြင့် ထုမှုကြောင့် လူသေဆုံးမှုဖြစ်ပွား
Monday , November 4 , 2019

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အုပ်စုလိုက် ခဲများဖြင့် ထုမှုကြောင့် လူသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ မွန်ပြည်နယ်သထုံမြို့နယ် သာယာကုန်းကျေးရွာအရှေ့ပိုင်းနေ ဦးသောင်းအေး+ဒေါ်တင်အေးတို့၏သား စောတော်တီး(ခ) မောင်အေးချမ်းတိမ်လွှာနှင့် လူငယ်ချင်းရည်ငံနေသူ မ-----နောင်ကုလားအလယ်ရွာ မြောက်ပိုင်း သထုံမြို့တို့ နှစ်ယောက် နိုဝင်ဘာလ (၁) ရက်နေ့ ည (၇ )နာရီအချိန် နောင်ကုလားရှမ်းရွာဘုရားပွဲသို့သွားလည်ခဲ့ပြီး နေအိမ်သို့ ပြန်လာရာတွင် နောင်ကုလားအလယ်ရွာသုခ(၂)လမ်းထိပ် ကားလမ်းမကြီး အရောက်တွင် လူအုပ်စုမှ ဝိုင်းဝန်းထိုးကြိတ် ဆိုင်ကယ်ပေါ်မှဆွဲချပြီး လဲကျသွားသော မောင်အေးချမ်းတိမ်လွှာကို လမ်းဘေးရှိ အုပ်ခဲကျိုးများဖြင့် ဝိုင်းထုရာ ဒဏ်ရာများရရှိခဲ့သဖြင့် ဝိုင်းထုရိုက်ခတ်သဖြင့် အပြင်းအထန် ဒဏ်ရာများရသဖြင့် သထုံဆေးရုံကြီးသို့ပို့ဆောင်ရာ မသက်သာသဖြင့်ရန်ကုန်ဆေးရုံသို့ ကားဖြင့် ည(၁၁း၃၀)ချိန်တွင် ပို့ဆောင်ခဲ့ရာ နိုဝင်ဘာလ (၂)ရက်နေ့ မနက်(၃း၃၀)အချိန်တွင် မောင်အေးချမ်းတိမ်လွှာ သေဆုံးမှုဖြစ်ပွားခဲ့ပါသည်။

ပွဲသွားကြည့်တာပါသုခ(၂)လမ်းထိပ်မှာလူအယောက်(၂၀)လောက် (ခန့်မှန်း)ရှိမယ် ဝိုင်းထိုးကြတာဆိုင်ကယ်ပေါ်က ဆွဲချတယ်။ လဲကျ သွားတော့ ခြေထောက်တွေနဲ့ဝိုင်းကန်ကြတယ်။ လမ်းဘေးမှာရှိတဲ့ အုပ်ခဲကျိုးတွေနဲ့ ဝိုင်းထုကြတာ မရိုက်နဲ့တော့ သေသွားလိမ့်မယ်လို့တားတယ်မရဘူး။ ကျွန်မကို တွန်းလွှတ်တယ်။ ကျွန်မသထုံဆေးရုံ အထိ လိုက်သွားတယ်။ သူတချက်တော့သတိပြန်လည်လာသေးတယ် ညည်းနေတယ်။ သူခေါင်းကိုက်တယ်လို့ပြောတယ်။ သိပ်မကြာဘူး ရန်ကုန်ဆေးရုံကိုသယ်သွားကြတယ်။ မနက်ကျတော့ သထုံရဲစခန်းမှာ ကျမကိုယ်တိုင်အမှု သွားဖွင့်ခဲ့တယ်ဟု မ-----ကပြောကြားပါတယ်။
ကျွန်တော့် ရဲစခန်းကိုတရားလိုအမျိုးသမီးရောက်လာတယ်။ ညကပွဲသွားကြည့်ဖို့ ပွဲခင်းကိုလာရင်း သူ့ကောင်လေးအရိုက်ခံရတယ် ဆိုပြီး အမှုလာဖွင့်တယ်။ (ပ)၂၃၀၄/ရာဇသတ်ကြီးပုဒ်မ ၃၂၅/၁၁၄ နဲ့ အမှု့ဖွင့်ပေးလိုက်တယ်။ ဒဏ်ရာကရန်ကုန်ဆေးရုံကြီးကိုလွဲထားတယ်လို့သိရတယ်။ ချက်ခြင်းဘဲလိုက်လံစုံစမ်းပါတယ်။ တရားလိုရဲ့ တိုင်တန်းချက်အရ (၁၀)ဦးခန့်လို့ ပြောတဲ့အတွက် နယ်ထိန်းအဖွဲ့များ နှင့် လိုက်ဖမ်းဆီးပါတယ်။ လောလောဆယ်(၉)ဦးကို ဖမ်းဆီးထားပြီး ပါပြီး။ လူနာသေသွားတဲ့အတွက် ရာဇသတ်ကြီးပုဒ်မ ၃၂၅/၁၁၄နဲ့ ဖွင့်ထားရာကနေ၃၀၂/၁၁၄နဲ့ပြောင်းလည်းဖွင့်ထားပြီဖြစ်ကြောင်း သိရှိရသည်။
နေမင်း(သထုံ)
#Myanmar_Online_News

0 comments:

Post a Comment