Monday, November 4, 2019

အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီတွင် ဆိုးဆိုးရွားရွား လေထုညစ်ညမ်းမှုများကြောင့် စာသင်ကျောင်းများ ပိတ်ထားရ

Image may contain: sky, bridge and outdoorImage may contain: outdoor

အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီတွင် ဆိုးဆိုးရွားရွား လေထုညစ်ညမ်းမှုများကြောင့် စာသင်ကျောင်းများ ပိတ် ထားရန် အိန္ဒိယအစိုးရက အမိန့်ထုတ်ပြန်ခဲ့ကြောင်း ဆင်ဟွာသတင်းတစ်ရပ်အရ သိရသည်။
ဂျာမန်အဓိပတိ အိန်ဂျယ်လာမာကယ်ကလည်း အိန္ဒိယနိုင်ငံ၏မြို့တော် နယူးဒေလီတွင် ဖြစ်ပေါ်လျက်ရှိ သည့် လေထုညစ်ညမ်းမှုကို တိုက်ဖျက်ရန် လက်ရှိ အသုံးပြု နေသော ဒီဇယ်မော်တော်ယာဉ်များနေရာတွင် ဂျာမန်နည်း ပညာဖြင့် ထုတ်လုပ်ထားသော လျှပ်စစ်ကားများဖြင့် အစားထိုးရန် ကမ်းလှမ်းမှုများ လုပ်ဆောင်ခဲ့သည်။

နယူးဒေလီ၏ လေထုညစ်ညမ်းမှုသည် နှစ်နှစ်တာ ကာလအတွင်း အမြင့်မားဆုံးအဆင့်သို့ ရောက်ရှိခဲ့ပြီး အနီးတစ်ဝိုက်ပြည်နယ်များတွင်လည်း ကောက်ရိုးမီးရှို့မှုများ ပြုလုပ်နေသောကြောင့် မီးခိုးငွေ့များ မြို့တော်သို့ လွင့်မျောရောက်ရှိလာခြင်းဖြစ်ရာ လေထုညစ်ညမ်းမှုအခြေ အနေ ဆိုးရွားသောကြောင့် စာသင်ကျောင်းများ ငါးရက် ပိတ်ထားရန် အမိန့်ထုတ်ပြန်ခြင်းဖြစ်ကြောင်း နယူးဒေလီ ဝန်ကြီးချုပ် အာဗင်ကီရီဝယ်လ်က တွစ်တာစာမျက်နှာတွင် ဖော်ပြထားသည်။
နယူးဒေလီ၏ လေထုညစ်ညမ်းမှုအဆင့်သည် အန္တရာယ်ရှိသည့် အဆင့်အထိ ရောက်ရှိနေပြီဖြစ်သော ကြောင့် ပြည်သူများ၏ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း နှင့် ကလေးသူငယ်များအပေါ် ပို၍သက်ရောက်မှုရှိကြောင်း အိန္ဒိယ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှု ကြိုတင်ကာကွယ် ရေးနှင့် ထိန်းချုပ်ရေးဌာနက သတ်မှတ်ထားသည်။ လေထု ညစ်ညမ်းမှု အရေးပေါ်အခြေအနေကြောင့် မြို့တော်ရှိ ဆောက်လုပ်ရေးလုပ်ငန်းများကို ခေတ္တဆိုင်းငံ့ရန်လည်း သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှု ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဌာနက ကြေညာခဲ့သည်။
လေထုအခြေအနေ ဆိုးရွားမှုကိုလျှော့ချရန် နယူးဒေလီ တွင် နိုဝင်ဘာ ၄ ရက်မှ ၁၄ ရက်အထိ စက်တပ်ယာဉ်များ အကန့်အသတ်ဖြင့်သွားလာရန် သတ်မှတ်ထားကြောင်း လည်း သိရသည်။ ယခုဆောင်ရွက်သည့် နည်းလမ်းမှာ ၂၀၁၆ ခုနှစ်တွင် စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ရာ လေထု ညစ်ညမ်းမှု ၁၃ ရာခိုင်နှုန်းအထိ လျော့ကျသွားကြောင်းဆို သည်။ နှစ်စဉ် နိုဝင်ဘာ ၁ ရက် ဝန်းကျင်တွင် ဒေလီ၏ လေထု ညစ်ညမ်းမှု သည် အဆိုးရွားဆုံးဖြစ်သည်။ ဖြစ်ပွားရသည့် အကြောင်းရင်းမှာ ဒီပါဝလီ ရိုးရာပွဲတော်ကာလတွင် မီးရှူး မီးပန်းများပစ်ဖောက်ခြင်း၊ အနီးရှိပြည်နယ်များမှ လယ်ယာ ကောက်ရိုးမီးရှို့ခြင်းများကြောင့်ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂၀၁၈ ခုနှစ်တွင် ထုတ်ပြန် ထားသည့် ကိန်းဂဏန်းများအရ ၂၀၁၇ ခုနှစ် တစ်ကမ္ဘာလုံး လေထုညစ်ညမ်းမှုအဆိုးရွားဆုံးမြို့ ၁၅ မြို့တွင် ၁၄ မြို့မှာ အိန္ဒိယနိုင်ငံမှဖြစ်ပြီး ကန်ပါမြို့သည် ပထမနေရာတွင် ရှိကာ နယူးဒေလီမြို့သည် ဆဋ္ဌမနေရာတွင်ရှိကြောင်း သိရသည်။
Ref ; Xinhua
<zawgyi>
အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီတွင် ဆိုးဆိုးရွားရွား လေထုညစ်ညမ်းမှုများကြောင့် စာသင်ကျောင်းများ ပိတ်ထားရ
Monday , November 4 , 2019

#Myanmar_Online_News

0 comments:

Post a Comment