Monday, November 4, 2019

“မောင်းသူမဲ့ဝေဟင်သွားရဟတ်ယာဉ်ငယ်ကို စတင်အသုံးပြုသွားမဲ့ တော်ဝင်ထိုင်းရေတပ်”

Image may contain: airplane, ocean, sky and outdoor

၂။Camcopter ဝေဟင်သွား မောင်းသူမဲ့ရဟတ်ယာဉ်ငယ်ဟာ ဒေါင်လိုက်အနေအထားနဲ့ တက်ဆင်းပြုလုပ်နိုင်တဲ့ မောင်းသူမဲ့ဝေဟင်သွားစနစ် (Vertical Take Off and Landing – VTOL Unmanned Aerial Systems – UAS) တစ်ခုဖြစ်ပါတယ်။ တော်ဝင်ထိုင်းရေတပ်အနေနဲ့ ပထမဦးဆုံး မှာယူအသုံးပြုသွားမှာဖြစ်ပါတယ်။ အသုံးပြုသွားနိုင်ရေးအတွက် သဘောတူစာချုပ်ကို Schiebel ရဲ့ CEO ဖြစ်သူ Hannes Hecher နဲ့ တော်ဝင်ထိုင်းရေတပ်က Admiral Prachachart Sirisawat, Director General Naval Acquisition Management တို့ လက်မှတ်ရေးထိုးခဲ့ပါတယ်။
၃။သက္ကရာဇ် ၂၀၂၀ ပြည့်နှစ်မှာ ထိုင်းနိုင်ငံ၊ Pakphanang District မှာရှိတဲ့ ရေတပ်စခန်းဌာနချုပ်မှာ ထားရှိအသုံးပြုသွားဖို့ လျာထားပါတယ်။ အဲ့ဒီရဟတ်ယာဉ်ငယ်ဟာ ကုန်းမြေနဲ့ ပင်လယ်ပြင် အခြေစိုက်စခန်းတို့ကနေ ပျံသန်းခြင်း ပြုလုပ်နိုင်ပြီး Intelligence, Surveillance နဲ့ Reconnaissance (ISR) လုပ်ငန်းတာဝန်တွေကို ကောင်းမွန်စွာဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ တည်ဆောက်မှုကို ကာဗွန်ဖိုက်ဘာ၊ တိုက်တေနီယမ်သတ္တုတို့နဲ့ ဖွဲ့စည်းတည်ဆောက်ထားပါတယ်။
၄။အပေါ်ကဖော်ပြထားတဲ့သတင်းနဲ့ပတ်သက်ပြီးတော့ defenseworld.net အင်တာနက်စာမျက်နှာကနေ ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ Camcoper S-100 UAS နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။
၅။Schiebel ရဲ့ Camcopter S-100 အမျိုးအစား မောင်းသူမဲ့ဝေဟင်သွားယာဉ်ငယ်ဟာ Rotary-Wing Unmanned Aerial Vehicle ဖြစ်ပါတယ်။ မူလထုတ်လုပ်သူကတော့ သြစတြီးယားနိုင်ငံ Schiebel ကုမ္ပဏီက ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီးတော့ အခုဆိုရင် နိုင်ငံတော်တော်များများမှာ အသုံးပြုနေပြီဖြစ်ပါတယ်။ စတင်ထုတ်လုပ်ချိန်ကနေ အခုထိဆိုရင် အစီးရေ ၁၀၀ နီးပါး ရှိပြီလို့ သိရပါတယ်။ ဝေဟင်ပျံသန်းရေးပြုလုပ်ပြီးတော့ စောင့်ကြည့် ထောက်လှမ်း တွက်ချက်ပေးမှု Close – Air Support (CAS) ကို အဓိကပြုလုပ်ပေးပါတယ်။
၆။မောင်းသူမဲ့ဖြစ်တဲ့အတွက် လိုက်ပါတဲ့သူမရှိပါဘူး။ မြေပြင်၊ ဒါမှမဟုတ် ရေပြင်သင်္ဘောပေါ်ကနေ ထိန်းချုပ်နိုင်ပါတယ်။ အလျား ၁၀.၂၀ ပေ၊ အကျယ် ၁၁.၄၈ ပေ၊ အမြင့် ၃.၆၇ ပေ၊ အလေးချိန်အလွတ် ၂၄၃ ပေါင် ရှိပြီး၊ ဝန်ပြည့်တင်ထားရင် ၄၄၁ ပေါင်ထိ ရှိမှာဖြစ်ပါတယ်။
၇။စွမ်းအင်ထုတ်လွှတ်မှု၊ ပျံသန်းမှုတို့အတွက် Austro Engine AE50R တစ်ခုကို အသုံးပြုထားပါတယ်။ မြင်းကောင်ရေ ၅၅ ကောင်အား အင်ဂျင်ဟာ အဓိကပန်ကာကြီး ၂ ခုနဲ့ ပဲ့ပိုင်း ပန်ကာငယ် ၂ ခုတို့ကို လှုပ်ရှားမှု ဟန်ချက်ညီ၊ ပျံသန်း တက်ဆင်းပြုလုပ်နိုင်အောင် ထိန်းကျောင်းပါတယ်။ ခရီးရှည် ပျံသန်းနိုင်မှုအတွက် Schiebel Heavy Fuel အင်ဂျင်ကို ထပ်မံထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။
၈။အမြန်နှုန်း တစ်နာရီကို ၁၃၇ မိုင်နှုန်း (တစ်နာရီ ၂၂၀ ကီလိုမီတာနှုန်း) ရှိမှာဖြစ်ပါတယ်။ အမြင့်ပေ ၁၈၀၄၅ ပေ (မီတာအားဖြင့် ၅၅၀၀ မီတာ၊ မိုင်အားဖြင့် ၃.၄၂ မိုင်) ထိ အမြင့်ပျံတက်နိုင်ပါတယ်။ အကွာအဝေး ၁၁၂ မိုင် (၁၈၀ ကီလိုမီတာ၊ ရေမိုင် ၉၇ မိုင်) ထိ မရပ်မနား ပျံသန်းနိုင်စွမ်းရှိပါတယ်။
၉။လက်နက်တပ်ဆင်မှုအားဖြင့်တော့ ဘာလက်နက်မှ တပ်ဆင်မထားပါဘူး။ မထားဘူးဆိုပေမဲ့လည်း အပေါ့စား ဝေဟင်မှရေပြင်ပစ် ဒုံးပျံတပ်ဆင်နိုင်ရေး လျာထားတီထွင်လျက်ရှိပါတယ်။ အာရုံခံကိရိယာ၊ အသံချဲ့စကားပြောစက်၊ မီးမောင်းဆလိုက်များ အစရှိသည်တို့ကိုသာ တပ်ဆင်ထားနိုင်မှာဖြစ်ပါတယ်။
၁၀။လက်ရှိအသုံးပြုနေတဲ့ နိုင်ငံတွေအနေနဲ့ကတော့
- တရုတ်
- အီဂျစ်
- ပြင်သစ်
- ဂျာမနီ
- အီတလီ
- လစ်ဗျား
- မေလးရွား
- ပါကစ္စတန် (အသုံးပြုလာနိုင်)
- ရုရှား
- တောင်အာဖရိက (အသုံးပြုလာနိုင်)
- အာရပ်စော်ဘွားများပြည်ထောင်စု နဲ့
- အမေရိကန်ပြည်ထောင်စုတို့ ဖြစ်ကြပါတယ်။
၁၁။Camcopter S-100 နဲ့ပတ်သက်တဲ့ ထူးခြားမှုတွေအနေနဲ့ကတော့
- ၂၀၁၂ ခုနှစ်၊ ဧပြီလထဲမှာ အီတလီရေတပ်စစ်သင်္ဘောကနေ ပျံသန်းထောက်လှမ်းရေးလုပ်ငန်းစဉ်ကို စတင်ဆောင်ရွက်ခဲ့ပါတယ်။
- ၂၀၁၂ ခုနှစ်၊ မေလ ၁၀ ရက်နေ့မှာ ပျံသန်းမှုပြုလုပ်စဉ် မြေပြင်ထိန်းချုပ်ရေးနေရာမှာ ပျက်ကျခဲ့တဲ့အတွက် မြေပြင် အဝေးထိန်း ထိန်းချုပ်ရေးပြုလုပ်သူ ၃ ဦးစလုံး သေဆုံးခဲ့ရပါတယ်။
- ၂၀၁၃ ခုနှစ်၊ မေလမှာ ဆိုမာလီယာ၊ အယ်လ် ရှာဘက် အကြမ်းဖက်အုပ်စုကလည်း အသုံးပြုနေတယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။
- ၂၀၁၃ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့မှာ ပြင်သစ်ရေတပ်စစ်သင်္ဘောပေါ်ကနေ အောင်မြင်စွာ စမ်းသပ်လေ့ကျင့်နိုင်ခဲ့ပါတယ်။
- ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့မှာ ညကြည့် FLIR Systems Polytec AB Corona 350 ကို တပ်ဆင်ပြီးတော့ အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ပါတယ်။
- ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလထဲမှာ အီတလီရေတပ်မှာ မောင်းသူမဲ့ဝေဟင်သွားယာဉ်အဖြစ် အဓိကအသုံးပြုသွားဖို့ သဘောတူညီခဲ့ကြပါတယ်။
- ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလမှာ တောင်အာဖရိကရေတပ်စစ်သင်္ဘောမှာ အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ပါတယ်။ အောက်တိုဘာလ ၂၀ ရက်နေ့ကနေ ၂၃ ရက်နေ့ထိပြုလုပ်တဲ့ ပင်လယ်ရေကြောင်းစောင့်ကြည့်ထောက်လှမ်းရေး၊ ပင်လယ်ဓားပြတိုက်ဖျက်ရေးလေ့ကျင့်ခန်းမှာ အောင်မြင်စွာ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။
- ၂၀၁၉ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှာ ဥရောပတိုက်ဆိုင်ရာ EN9100 (European) အသိအမှတ်ပြုလက်မှတ် ရရှိခဲ့ပါတယ်။
Image may contain: airplane
Image may contain: airplane, sky and ocean
Image may contain: 2 people, outdoor
Image may contain: airplane and outdoor
No photo description available.
Image may contain: ocean and outdoor
Image may contain: 2 people, sky, cloud, outdoor and nature
No photo description available.
Image may contain: airplane
No photo description available.
#Myanmar_Online_News #ထိုင်းရေတပ် # မောင်းသူမဲ့ဝေဟင်သွားယာဉ်

<<Zawgyi>>
“မောင်းသူမဲ့ဝေဟင်သွားရဟတ်ယာဉ်ငယ်ကို စတင်အသုံးပြုသွားမဲ့ တော်ဝင်ထိုင်းရေတပ်”
Tuesday, November 5, 2019

၁။တော်ဝင်ထိုင်းရေတပ်အနေနဲ့ Schiebel နဲ့ချိတ်ဆက်ပြီးတော့ ဝေဟင်သွားမောင်းသူမဲ့ယာဉ်ငယ်ဖြစ်တဲ့ Camcopter S-100 Unmanned Air System (UAS) ကို မှာယူအသုံးပြုသွားမှာဖြစ်ပါတယ်။ Schiebel ဆိုတာ ဥရောပတိုက်၊ သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့မှာ အခြေစိုက်တဲ့ Camcopter တီထွင်ထုတ်လုပ်ရေး လုပ်ငန်းကြီးတစ်ခုဖြစ်ပြီးတော့ ယူအေအီး၊ အမေရိကန်နဲ့ ကမေ႓ာဒီးယားနိုင်ငံတို့မှာလည်း ရုံးခွဲများ ဖွင့်လှစ်ထားရှိပါတယ်။
၂။Camcopter ဝေဟင်သွား မောင်းသူမဲ့ရဟတ်ယာဉ်ငယ်ဟာ ဒေါင်လိုက်အနေအထားနဲ့ တက်ဆင်းပြုလုပ်နိုင်တဲ့ မောင်းသူမဲ့ဝေဟင်သွားစနစ် (Vertical Take Off and Landing – VTOL Unmanned Aerial Systems – UAS) တစ်ခုဖြစ်ပါတယ်။ တော်ဝင်ထိုင်းရေတပ်အနေနဲ့ ပထမဦးဆုံး မှာယူအသုံးပြုသွားမှာဖြစ်ပါတယ်။ အသုံးပြုသွားနိုင်ရေးအတွက် သဘောတူစာချုပ်ကို Schiebel ရဲ့ CEO ဖြစ်သူ Hannes Hecher နဲ့ တော်ဝင်ထိုင်းရေတပ်က Admiral Prachachart Sirisawat, Director General Naval Acquisition Management တို့ လက်မှတ်ရေးထိုးခဲ့ပါတယ်။
၃။သက္ကရာဇ် ၂၀၂၀ ပြည့်နှစ်မှာ ထိုင်းနိုင်ငံ၊ Pakphanang District မှာရှိတဲ့ ရေတပ်စခန်းဌာနချုပ်မှာ ထားရှိအသုံးပြုသွားဖို့ လျာထားပါတယ်။ အဲ့ဒီရဟတ်ယာဉ်ငယ်ဟာ ကုန်းမြေနဲ့ ပင်လယ်ပြင် အခြေစိုက်စခန်းတို့ကနေ ပျံသန်းခြင်း ပြုလုပ်နိုင်ပြီး Intelligence, Surveillance နဲ့ Reconnaissance (ISR) လုပ်ငန်းတာဝန်တွေကို ကောင်းမွန်စွာဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ တည်ဆောက်မှုကို ကာဗွန်ဖိုက်ဘာ၊ တိုက်တေနီယမ်သတ္တုတို့နဲ့ ဖွဲ့စည်းတည်ဆောက်ထားပါတယ်။
၄။အပေါ်ကဖော်ပြထားတဲ့သတင်းနဲ့ပတ်သက်ပြီးတော့ defenseworld.net အင်တာနက်စာမျက်နှာကနေ ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ Camcoper S-100 UAS နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။
၅။Schiebel ရဲ့ Camcopter S-100 အမျိုးအစား မောင်းသူမဲ့ဝေဟင်သွားယာဉ်ငယ်ဟာ Rotary-Wing Unmanned Aerial Vehicle ဖြစ်ပါတယ်။ မူလထုတ်လုပ်သူကတော့ သြစတြီးယားနိုင်ငံ Schiebel ကုမ္ပဏီက ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီးတော့ အခုဆိုရင် နိုင်ငံတော်တော်များများမှာ အသုံးပြုနေပြီဖြစ်ပါတယ်။ စတင်ထုတ်လုပ်ချိန်ကနေ အခုထိဆိုရင် အစီးရေ ၁၀၀ နီးပါး ရှိပြီလို့ သိရပါတယ်။ ဝေဟင်ပျံသန်းရေးပြုလုပ်ပြီးတော့ စောင့်ကြည့် ထောက်လှမ်း တွက်ချက်ပေးမှု Close – Air Support (CAS) ကို အဓိကပြုလုပ်ပေးပါတယ်။
၆။မောင်းသူမဲ့ဖြစ်တဲ့အတွက် လိုက်ပါတဲ့သူမရှိပါဘူး။ မြေပြင်၊ ဒါမှမဟုတ် ရေပြင်သင်္ဘောပေါ်ကနေ ထိန်းချုပ်နိုင်ပါတယ်။ အလျား ၁၀.၂၀ ပေ၊ အကျယ် ၁၁.၄၈ ပေ၊ အမြင့် ၃.၆၇ ပေ၊ အလေးချိန်အလွတ် ၂၄၃ ပေါင် ရှိပြီး၊ ဝန်ပြည့်တင်ထားရင် ၄၄၁ ပေါင်ထိ ရှိမှာဖြစ်ပါတယ်။
၇။စွမ်းအင်ထုတ်လွှတ်မှု၊ ပျံသန်းမှုတို့အတွက် Austro Engine AE50R တစ်ခုကို အသုံးပြုထားပါတယ်။ မြင်းကောင်ရေ ၅၅ ကောင်အား အင်ဂျင်ဟာ အဓိကပန်ကာကြီး ၂ ခုနဲ့ ပဲ့ပိုင်း ပန်ကာငယ် ၂ ခုတို့ကို လှုပ်ရှားမှု ဟန်ချက်ညီ၊ ပျံသန်း တက်ဆင်းပြုလုပ်နိုင်အောင် ထိန်းကျောင်းပါတယ်။ ခရီးရှည် ပျံသန်းနိုင်မှုအတွက် Schiebel Heavy Fuel အင်ဂျင်ကို ထပ်မံထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။
၈။အမြန်နှုန်း တစ်နာရီကို ၁၃၇ မိုင်နှုန်း (တစ်နာရီ ၂၂၀ ကီလိုမီတာနှုန်း) ရှိမှာဖြစ်ပါတယ်။ အမြင့်ပေ ၁၈၀၄၅ ပေ (မီတာအားဖြင့် ၅၅၀၀ မီတာ၊ မိုင်အားဖြင့် ၃.၄၂ မိုင်) ထိ အမြင့်ပျံတက်နိုင်ပါတယ်။ အကွာအဝေး ၁၁၂ မိုင် (၁၈၀ ကီလိုမီတာ၊ ရေမိုင် ၉၇ မိုင်) ထိ မရပ်မနား ပျံသန်းနိုင်စွမ်းရှိပါတယ်။
၉။လက်နက်တပ်ဆင်မှုအားဖြင့်တော့ ဘာလက်နက်မှ တပ်ဆင်မထားပါဘူး။ မထားဘူးဆိုပေမဲ့လည်း အပေါ့စား ဝေဟင်မှရေပြင်ပစ် ဒုံးပျံတပ်ဆင်နိုင်ရေး လျာထားတီထွင်လျက်ရှိပါတယ်။ အာရုံခံကိရိယာ၊ အသံချဲ့စကားပြောစက်၊ မီးမောင်းဆလိုက်များ အစရှိသည်တို့ကိုသာ တပ်ဆင်ထားနိုင်မှာဖြစ်ပါတယ်။
၁၀။လက်ရှိအသုံးပြုနေတဲ့ နိုင်ငံတွေအနေနဲ့ကတော့
- တရုတ်
- အီဂျစ်
- ပြင်သစ်
- ဂျာမနီ
- အီတလီ
- လစ်ဗျား
- မေလးရွား
- ပါကစ္စတန် (အသုံးပြုလာနိုင်)
- ႐ုရွား
- တောင်အာဖရိက (အသုံးပြုလာနိုင်)
- အာရပ်စော်ဘွားများပြည်ထောင်စု နဲ့
- အမေရိကန်ပြည်ထောင်စုတို့ ဖြစ်ကြပါတယ်။
၁၁။Camcopter S-100 နဲ့ပတ်သက်တဲ့ ထူးခြားမှုတွေအနေနဲ့ကတော့
- ၂၀၁၂ ခုနှစ်၊ ဧပြီလထဲမှာ အီတလီရေတပ်စစ်သင်္ဘောကနေ ပျံသန်းထောက်လှမ်းရေးလုပ်ငန်းစဉ်ကို စတင်ဆောင်ရွက်ခဲ့ပါတယ်။
- ၂၀၁၂ ခုနှစ်၊ မေလ ၁၀ ရက်နေ့မှာ ပျံသန်းမှုပြုလုပ်စဉ် မြေပြင်ထိန်းချုပ်ရေးနေရာမှာ ပျက်ကျခဲ့တဲ့အတွက် မြေပြင် အဝေးထိန်း ထိန်းချုပ်ရေးပြုလုပ်သူ ၃ ဦးစလုံး သေဆုံးခဲ့ရပါတယ်။
- ၂၀၁၃ ခုနှစ်၊ မေလမှာ ဆိုမာလီယာ၊ အယ်လ် ရှာဘက် အကြမ်းဖက်အုပ်စုကလည်း အသုံးပြုနေတယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။
- ၂၀၁၃ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့မှာ ပြင်သစ်ရေတပ်စစ်သင်္ဘောပေါ်ကနေ အောင်မြင်စွာ စမ်းသပ်လေ့ကျင့်နိုင်ခဲ့ပါတယ်။
- ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့မှာ ညကြည့် FLIR Systems Polytec AB Corona 350 ကို တပ်ဆင်ပြီးတော့ အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ပါတယ်။
- ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလထဲမှာ အီတလီရေတပ်မှာ မောင်းသူမဲ့ဝေဟင်သွားယာဉ်အဖြစ် အဓိကအသုံးပြုသွားဖို့ သဘောတူညီခဲ့ကြပါတယ်။
- ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလမှာ တောင်အာဖရိကရေတပ်စစ်သင်္ဘောမှာ အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ပါတယ်။ အောက်တိုဘာလ ၂၀ ရက်နေ့ကနေ ၂၃ ရက်နေ့ထိပြုလုပ်တဲ့ ပင်လယ်ရေကြောင်းစောင့်ကြည့်ထောက်လှမ်းရေး၊ ပင်လယ်ဓားပြတိုက်ဖျက်ရေးလေ့ကျင့်ခန်းမှာ အောင်မြင်စွာ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။
- ၂၀၁၉ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှာ ဥရောပတိုက်ဆိုင်ရာ EN9100 (European) အသိအမှတ်ပြုလက်မှတ် ရရှိခဲ့ပါတယ်။
#Myanmar_Online_News #ထိုင်းရေတပ် # မောင်းသူမဲ့ဝေဟင်သွားယာဉ်

0 comments:

Post a Comment